2009-05-20

ဆရာမ သင်သော ခေါင်းဆောင်မှု...

မနေ့ညက ပေါ့ဗျာ။ အိပ်မပျော်တာနဲ့ တွေ့တဲ့လူနဲ့ ချက်မယ် ဆိုပြီး online ပေါ် တက်လိုက်တာ အလုပ်တစ်ခု ရတာပဲဗျာ။ အစကတော့ မောင်သောကြာ ဒီအကြောင်းတွေ ပြောချင်ပါဘူး။ အမေးရှိလို့ အဖြေရှိတာပါနော်။ တောင်ပြော မြောက်ပြော ရောက်တတ်ရာရာ ချက်နေကြရင်း ကိုသောကြာ တဲ့..အင်း ဆိုတော့ ကျောင်းသွားသွားပြီး ဘာလုပ်ကြတာလဲတဲ့။ ဟာဂျာ ကျောင်းသား ပဲ ကျောင်းသွားတာ စာသင်ဖို့ ပေါ့ဂျ..ဆိုတော့ ဘာစာတွေ သင်တာတုန်းတဲ့..။ အို စုံလို့ စုံလိုပါဘဲဗျာ..ဆိုပြန်တော့ ပြောပြပါလား တဲ့ နည်းနည်းလောက် သူများတွေ ဘာတွေသင်ရတယ် ဆိုတာ အတုယူ မှတ်သားချင်လို့ပါတဲ့။ ဆရာတစ်ယောက်ယောက် ရဲ့ လက်ချာ နည်းနည်းပြန်ပို့ချစမ်းပါတဲ....။
ကဲ ပြန်တော့ ဆရာ မလုပ်တတ်ဘူးဗျို့။ တိုက်ရိုက်ပဲ ဖော်ပြလိုက်မယ်။
ခု မိတ်ဆက်ပေးမယ့် ဆရာမ က Mrs. Sharon တဲ့။ မောင်သောကြာတို့ကို သင်ပေးတာက Administrative Management ဘာသာကို သင်ပေးတာ။ ဘာတွေပါလဲ ဆိုတော့ Total Quality Management, Staff Management, Leadership ဒါတွေ ရောနှောမွှေနှောက်ထားတဲ့ဘာသာ။
ဒီနေ့ ISO 9000:2000 နဲ့ ISO 22000:2005 ဆက်သင်နေတုန်း ပြန်ပြောဖို့ ဒီလို မှတ်တမ်းတင်ထားတာ...





ဘာအကြောင်း ပြန်မျှဝေမှာလဲ ဆိုတော့ သူသင်တဲ့ Leadership အခန်းလေ..






သူသင်တာတွေက အများကြိးဗျ။ Contingency Model တို့ Ferad's Assumptions တို့။ သိပါဘူးဗျာ အဲလောက်အများကြီး။ အောက်က ပြောမယ့်ဟာကလည်း သူ ဥပမာ ပေးထားတာ ။ ဘာသာပြန်တတ်ဘူး ကိုယ့်ဘာသာဖတ်..


သိလိုက်တာ ဆိုလို့ ငါတို့ လုပ်နိုင်တယ် ဆိုတာပဲ ဒါတောင် ဆရာမက ခဏ ခဏ ပြောနေလို့...


သူ ပြောပြတာ မောင်သောကြာ နားလည်သလို ဆိုရင်တော့ Leader ဆိုတာ သိပ်တော့ ထူးထူးခြားခြားကြီးတော့ ဟုတ်ပါဘူးဗျာ။ သူက အစလေး တစ်ခုပဲ။ ဘာနဲ့နှိုင်းပြောသွားလဲ ဆိုတော့ မီးတောက်တစ်ခုနဲ့ ခိုင်းနှိုင်းပြောသွားတယ်။ ခေါင်းဆောင်ဆိုတာ မီးပွားစ လေး တစ်စ သာပဲတဲ့။ တက်ကြွတဲ့ နောက်လိုက်ကောင်း တွေဆိုတာ လောင်စာဆီတွေပါ ပဲတဲ့။ မီးလောင်ရာ လေပင့် ဆိုသလို အခြေအနေ တစ်ခု လည်း လိုတယ်တဲ့ အားလုံးခြုံပြောရရင်တဲ့ ခေါင်းဆောင်မှု့ကောင်း ဆိုတဲ့ မီးတောက် အရှိန်ကောင်းကောင်းတောက်ချင်ရင် မီးစ တင်ဟုတ်ဘူး လောင်စာ တို့ ဘာတို့ လိုတယ်လို့ ပြောတာပဲ

ပြောတော့ပြောသွားတာပါဘဲဗျာ။ မောင်သောကြာလည်း ညည ဘလောဂ့် လည်လည် နေရတာနဲ့ စာသင်ချိန် အိပ်ငိုက်ငိုက်နေတော့ နောက်က လည်း မလိုက်နိုင်ပါဘူး။ နားလည်း မလည်တော့ ခက်တယ် နားထဲလည်း မီးစ မီးတောက် မီးပွားတွေ ပဲ ကြားနေတာ။
ကဲ ပြောချင်တာ အဲ ဆရာမ သင်တာ ပြောပြပြီးပြီ။ နောက် လိုက် တက်ဦးမှာလား အတန်း....
ရေးသားသူ-ကြယ်သောကြာ

10 comments:

မြူးသျှရီ said...

အတန်းတော့လိုက်မတက်တော့ဘူးနော်
ပျင်းလို့ ပါ....ဘယ်သူမေးတာလဲဟင်???
ကျောင်းသွားသွားပြိဘာလုတ်တာလဲလို့ 
မြူးတော့ဟုတ်ဖူးနော်

အိုက်ခီလောက် said...

အမ် သိနေတယ် လာလုပ်နေတယ် ဆိုတာ
အကိုေ၇ အဟီး ရမ်းသန်းမှန်းသန်းပြောသွားခြင်းတာဖြစ်တယ်
ဘာမှနားလည်ဖူး ညီတို့ နဲ့ မအပ်စပ်ဘူးထင်တယ်နော်

moekhar said...

တင်ပေးတာကောင်းတာပေါ့ .. စိတ်ဝင်စားတဲ့လူ လေ့လာနိုင်တယ်လေ .. ငါလည်း အိမ်ရောက်မှ နားထောင်ဦးမယ် .. ခုတော့ ရုံးမှာမို့လို့ ..း)

သမီးပျို said...

ဆရာမကဘာလူမျိုးလဲဟင် ကိုသောကြာ စာရှင်းပြတာစကားလဲပီဝူး ပြီးတော့ စာသင်နေချိန်တွေအိပ်မငိုက်အောင် ကြိုးစားပါလားဟင် အနှစ်တွေသင်ပေးတာကိုကွာ သမီးပျိုဆိုစာသင်ချင်တာ အခြေအနေမပေးလို့ ငွေရှာနေရတယ် တန်ဖိုးထားပါအကိုရယ် နော်

Mogok Thar said...

သင်တဲ့ အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ။ အိမ်ရောက်မှ ဖွင့်နားထောင်ပြီး အိပ်တော့မယ်။
စတာပါ။ ကိုယ်က အဲတာတွေ ပြောပြတာ နားထောင်ရတာ ကြိုက်တယ်။
စာဖတ် ဆိုရင်တော့ ဖတ်ချင်ဘူးရယ်။

မယ့်ကိုး said...

note ကလေးတွေ များများတင်ပေးနော်...
ရောင်နီပြန်ပေါ်လာတဲ့အခါ မြို့ တော်ဝန်ဝန်ဖြစ်ဖို့ ကြိုးစားမယ် :P

ဇော် said...

အာ ကိုသောက်
ကျနော်နဲ့ စာသင်ခန်းနဲ့ ရန်အကြီးအကျယ်ဖြစ်ထားတယ်။ အဲ့ဒါကြောင့် အတန်းလိုက်မတက်တော့ဘူးနော်။ အဟက်။ ဒါနဲ့ လမ်းကြုံတုန်း ပြောဦးမှ။ ကျနော်က ညီဇော်ဟုတ်ပါဘူးဗျာ။ ညီမဇော်ပါ။ မယုံရင် ကျနော့်ဂျစ်ကို( အိုက်ခီလောက် ) ကိုမေးကြည့်။ အဟိ။ ဒါပေမယ့် သူက ကျနော့်မကောင်းကြောင်းပြောရင်တော့ မယုံနဲ့နော။ အဟီးး။

သီဟသစ် said...

ကိုသောကြာရေ..
ဘာသာပါ တစ်ခါတည်းပြန်ပြဗျာ...

ဝေလေး said...

အတန်းမတက်တော့ပါဘူး..... :))

ဝက်ဝံလေး said...

အိုင်ခီလောက် ပြောသလိုပဲ ကျောင်းသွားပြီးဘာလုပ်တယ်ဆိုတာ သိတယ်နော် ဟိဟိ စ တာ
ဟုတ်တယ် တခါတလေ ကျရင်သူတို့ သင်တာ နားမလည်ဘူး ဗျိုးးးးး ညီမဆိုရင် ပိုဆိုးတယ် bio အချိန်က နေ့လည်စာစားပြီးချိန်တော့ အိပ်ချင်တာ အရမ်းပဲ မနည်းလိုက်နားထောင်ရတယ် break time ပေးရင် ခဏလောက်မှောက်လိုက်တယ် ဒါမှလူလဲ လန်းလန်းဆန်းဆန်းဖြစ်သွားတယ် ကိုသောကြာသင်တဲ့ ဘာသာရပ်နဲ့ ညီမတို့နဲ့က မတူဘူးလေ သိပ်တော့ မသိဘူးပေါ့နော် ဒါပေမယ့်ပြောချင်တာ ပြောသွားခဲ့တယ် ဗျိုးးးးး စိတ်ချိုးးးနဲ့နော်