2009-06-22

ဆုတောင်းပြည့်သော လေထဲက လိမ္မော်ပင်

မောင်သောကြာတစ်ယောက် သကြားနည်းနည်း ကျိုပါရစေ။ စာမရေးဘဲ ပုံနည်းနည်း တင်မယ်နော်။
ဒီတပတ် စနေ တနင်္ဂနွေမှာ သောကြာကို တဲလ်အဗစ် မြို့တော်မှာရှိတဲ့ အစ်ကိုတော် နောင်တော်တွေက ပြန်ခါနီး ညစာစားပွဲနှင့် နှုတ်ဆက်ပွဲလေး လုပ်ပေးမယ်ဆိုလာသောကြောင့် အားနာပါနာနဲ့ သွားရောက် သောင်းကျန်းခဲ့ပါတယ်။ သိတယ်မို့လား ဒီပွဲမျိုးက လက်လွတ်ခံလို့မရဘူးလေ နော်။ ပြီးတော့ သူရို့က ၆ ကျပ် စားတွေဆိုတော့ ပိုတောင် ညှင်းပန်းပေးရဦးမှာမို့လား။ ( သိတယ်နော် ၆ ကျပ်စား မသိရင်လည်း ပြီးရင်ပြောပြမယ် :P )။
စနေနေ့ နေ့ခင်း ၂နာရီလောက်က အိမ်ကထွက်တာ ညနေ ၇ နာရီလောက် ရောက်သွားပါတယ်။ နှုတ်ဆက်ပွဲလေးကို ဂျတ်ဖာ ရှေးမြို့ဟောင်းက ပြင်သစ်စတိုင် စားသောက်ဆိုင် တစ်ခုမှာ လုပ်ပေးပါတယ်။ ဂျက်ဖာက နပိုလီယန် ပထမဆုံးသိမ်းပိုက်ခဲ့သော အရှေ့အလယ်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ ညစာစားပွဲက အဓိကပြောချင်တာမဟုတ်လို့ အဲဒီပုံတွေ မတင်တော့ပါဘူး။ ပြောချင်တာက ညစာစားပြီးနောက်မှပါ။
ညစာစာပြီးသည့်နောက် အစာကြေ အညောင်းပြေ အရှိန်ပေါ့အောင် မြို့ဟောင်းထဲ လမ်းလျှောက်ကြပါတယ်။ အဲမှာ လမ်းလျှောက်ရင်း လမ်းချိုးလေး တစ်ခုအရောက် ဟောသည်အပင်ကို ရုတ်တရက်တွေ့လိုက်ပါတယ်။ ကြည့်ပါဦး


လေထဲက လိမ္မော်ပင်ပါ။ နပိုလီယန် ခေတ်တုန်းက စိုက်ခဲ့တာလို့ ဆိုပါတယ်။ မြေမထိ ရေမထိ လေထဲ တွဲလောင်းဆွဲထားတဲ့ အပင်ပါ။ အခုထိ လိမ္မော်သီး များ သီးနေတုန်းပါ။



လမ်းမြောင်လေးက ကျဉ်း၊ ကင်မရာက Zoom မကောင်း ဆိုတော့ တစ်ပင်လုံး ပါအောင် မရိုက်နိုင်လို့ ၂ပုံခွဲရိုက်လိုက်ပါတယ်။ PhotoShop နဲ့ ပေါင်းဖို့ အကြံရပေမယ့် မူရင်းတင်လိုက်တာ ပိုကောင်းမယ် ထင်လို့ပါ။ အပင်ရှင်အောင် ခုတော့ Drip Irrigation နဲ့ အစာ ရေစာ ကျွေးပါတယ်။
နောက် လျောက်ရင်း လျောက်ရင်း ကလီယိုပက်ထရာ ရဲ့ ရေချိုးခန်း နှင့် နန်းတော်ရာ နေရာတွေကိုလည်း တွေ့ခဲ့ပါသေးတယ်။ ကလီယိုပက်ထရာ အသားအရေ လှတာ သူမရဲ့ ထူးခြားတဲ့ ရေချိုးနည်းစနစ်ကြောင့် ဆိုဘဲ။ နည်းစနစ် သိလိုသူ မမ ညီမများအတွက် မေးမြန်း မှတ်သားလာခဲ့ပါတယ်။ သိချင်ရင် အမြန် ဆက်သွယ်ထားပါနော် ဟားဟ :D
သည်နောက် ဟောသည်က တံတားကို ရောက်လာပါတယ်။



Wishing Bridge ဆုတောင်းပြည့် တံတား လို့ ခေါ်ပါတယ်။ နပိုလီယန် က ဥရောပ ကို မသိမ်းမီ အရှေ့အလယ်ပိုင်းက ဒီ ဂျက်ဖာဆိပ်ကမ်းမြို့ကို အရင်သိမ်းတာပါ။


တံတား အဝင်မှာ ရာသီခွင် အလိုက် စီရင်ထားတဲ့ အောင်မြေနေရာ ရှိပါတယ်။ ပထမဦးဆုံး အောင်မြေ နင်းရအောင်ပါ။ ပြီးမှ တံတားပေါ် တက်ကြတာပေါ့။


ဒါ နပိုလီယန်ရဲ့ Whishing Bridge ပါ။ ဒီတံတားပေါ်ကနေ ကြည့် ရင် ပြင်သစ်ပြည်ကြီးနှင့် ဥရောပ တစ်တိုက်လုံးနီးပါကို မြေထဲပင်လယ်ဖြတ်ပြီး မြင်နိုင်ပါတယ်။ သောကြာ ရောက်တာ ညကြီးဆိုတော့ တဲလ်အဗစ်မြို့တော် နဲ့ မြေထဲပင်လယ် ညရှုခင်းဘဲ ဒီလို မြင်ရပါတယ်။


နပိုလီယန်ကတော့ သူ ဂျက်ဖာမြို့မှာ နေထိုင်တဲ့ ကာလပတ်လုံး မနက်ခင်းတိုင်း ဒီတံတားပေါ်ကနေ ပြင်သစ်ပြည်ကြီး နှင့် ဥရောပ တိုက်ရှိရာ လှမ်းကြည့်ပြီး ဥရောပ တိုက် တစ်တိုက်လုံးကို သိမ်းပိုက်စိုးမိုးနိုင်သော ကိုယ် ဖြစ်ရမယ် လို့ ဆန္ဒပြု ဆုတောင်းလေ ရှိပါတယ်။ သာမန်ရိုးရိုး ဆုတောင်းရတာ မဟုတ်ပါဘူး။ တံတားလက်ရမ်းပေါ်မှာ ရှိတဲ့ သူ့ ရာသီခွင်ဖွား အရုပ်ကို ကိုင်တွယ်ပြီး ဆုတောင်းကြရတာပါ။ နပိုလီယန်လည်း သောကြာတို့ဆီလိုဘဲ ဗေဒင်ကိန်းခမ်း ယတြာ ယုံကြည်တယ်လို့ သိရပါတယ် :P ။ သောကြာ ကတော့ LEO မိုလို့ အောက်က အရုပ်ကလေးရှိတဲ့ နေရာမှာရပ်၊ အဲသည့်အရုပ်လေး လက်နှင့်အုပ်ကိုင်လို့ ၊ မမြင်ရတဲ့ အရပ်တစ်ခုဆီ မှန်းမျှော်လို့ ဆုတစ်ခုတောင်းမိပါတယ်။ ဘာ ဆုတောင်းမိလဲ သိချင်လား။ ပြောပြပါမယ် အဖြစ်ချင်ဆုံးဆန္ဒ တဂ်စ်ပိုစ့် စာကြွေးဆပ်တဲ့အခါကြရင်။



လျောက်ကြည့်မယ်ဆိုရင်တော့ နေရာအများကြီးကျန်ပါသေးတယ်။ အရှိန်ကလည်းကောင်း အချိန်ကလည်း နှောင်းနေတော့ အဲဒီည သည်လောက်နဲ့ဘဲ အိမ်ပြန်လာပါတယ်။ နောက်ရက်ကျတော့ အရှိန်ပြေအောင် ပင်လယ်ကမ်းစပ်သွား တစ်မနက်စာလုံး ရေစိမ် လှိုင်းစီးပါတယ်။
တယ်ရင်းဘော်ဘော်တွေအတွက် ကြည့်စရာ နည်းနည်းထပ်တင်လိုက်ပါတယ်။ :D


ဘရာသားတို့ရေ အများကြီးတော့ တင်တော့ဘူးနော်



ညက အိမ်ပြန်ရောက်ပါတယ်။ ခုမှအိပ်ယာနိုးလို့ တင်လိုက်တာပါ။ ဆားချက်တာ မဟုတ်ပါဘူး သကြားကျိုတာပါ.:P
တော်ပြီနော ။ နောက် များမှ စာသေသေချာချာရေး ပြီး တင်ပါမယ်။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

2009-06-16

ပိုက်ဆံအိတ် ပျောက်ဆုံးခြင်း

ပိုက်ဆံအိတ်....ပိုက်ဆံအိတ် တဲ့
ညီမငယ် ရွှေမြူး တဂ်စ် ထားတာကြာပါပြီ။ စာအကြောင်းပြ အရှုပ်လုပ်နေရင်း အလုပ်ရှုပ်လို့မရေးနိုင်တာ ကိုယ်ဘာသာ ကိုယ် ဖြေသိမ့်ပြောနေရင်တော့ စာကြွေးက ဆပ်လို့ ကုန်မှာမဟုတ်ပါဘူး။ ပြီး ထပ် တဂ်စ် ထားသေး အဖြစ်ချင်ဆုံးဆန္ဒ တဲ့။
ဖြစ်နိုင်ရင်တော့ ပိုက်ဆံအိတ် အကြောင်း မပြောချင်ဘူးဗျ။ သိပ်လည်း ထူးထူးထွေထွေ ပြောစရာလည်း မရှိလို့ပါ။
ပိုက်ဆံအိတ် အကြောင်းပြောရရင် မောင်သောကြာ ရဲ့ ဝင်ငွေ ထွက်ငွေ အခြေအနေအကြောင်း နည်းနည်းပြောရလိမ့်မယ် ထင်တယ်။ အားလုံး သိကြပြီးသားပါ မောင်သောကြာ ဒီမှာ State scholar နဲ့ လုပ်ငန်းခွင်သင်တန်း လာတက်နေတယ်ဆိုတာ။ အဲ ပြောစရာက စကောလာ ရတယ်သာပြောရတာ ဟိုကနေ စထွက်ကတည်းက ခုပြန်တော့မယ့် အချိန်အထိ ကိုယ့်စရိတ်နဲ့ကိုယ်လာ ကိုယ်ငွေနဲ့ကိုယ် တက်ရတာဗျ။ ဟိုဘက်က သင်တန်းသား ရွေးချယ်ပြီး စေလွတ်ပေးမယ် ဒီဘက်က အခကြေးငွေနဲ့ လက်ခံသင်ကြားပေးမယ် ပေါ့ဗျာ။
ဆိုတော့ သောကြာတို့ ဘယ်လိုရပ်တည်နေကြသလဲ...။ လာတုန်းကတော့ အဖေ့စပွန်ဆာ နဲ့ပေါ့ဗျာ။ ဒီရောက် သင်တန်းတက်တယ်။ စာသင်ချိန်အပြင် လက်တွေ့ လုပ်ငန်းတွေ လုပ်ရတယ်ပေါ့ဗျာ။ အဲလိုလုပ်ရင် လုပ်သလောက် လုပ်အားခရတယ်ဗျာ။ ရတဲ့လုပ်အားခလေးထဲက ကျောင်းလခသွင်း ကိုယ်နေထိုင်စရိတ်လေး ရှာရတယ်ပေါ့။ ကျောင်းသားဆိုတော့လည်း အချိန်ပိုင်းပဲ လုပ်ရတာလေ။ လုပ်ခက နာရီနဲ့ တွက်ရတယ်ဗျာ။ တစ်နာရီ အလုပ်လုပ်ရင် ၁၆ ကျပ် ရတယ်ဗျာ။ ကျောင်းပိတ်ရက် အလုပ်လုပ်ပေါ့။
အဲမှာလာပြီ ပိုက်ဆံအိတ်အကြောင်း။ မောင်သောကြာဖြင့် တကယ်ပြောတာပါ. ပိုက်ဆံအိတ် ဆိုတာကို မမေ့အောင် သတိရတိုင်း ယူလာတဲ့အိတ်လေး ထုတ်ထုတ်ကြည့်ရတယ်ဗျ။ ဘာကြောင့်လဲ ... ရှင်းပါမည်။ လုပ်ငန်းခွင်သင်တန်း အလုပ်တွေကနေ အချိန်ပိုင်း ဝင်လုပ်လို့ ရတဲ့လုပ်ခလေးကို တစ်လ တစ်ခါ စာရင်းရှင်းတယ်ဗျ။ စာရင်းရှင်းတယ် ပြောတာနော်။ ငွေရှင်းတယ် ပြောတာမဟုတ်ဘူး။ ဒီလ အလုပ်လုပ်တဲ့ နာရီပေါင်းက ဘယ်လောက် ကျောင်းလခက ဘယ်ရွေ့ စားစရိတ် က ဘယ်မျှ ခရီးစရိတ်က ဘယ်အတိုင်းအတာ ဆိုတာ ရေးထားတဲ့ စာရွက်ပိုင်းလေး ဘဲ သောကြာတစ်ယောက် မြင်ဖူးတယ်။ credit ကဒ်တောင် ဒီမှာ မလိုဘူးဗျ။ နေရတာက မြို့မှာမဟုတ်ဘူးလေ. မောင်သောကြာတို့လို သင်တန်းသားတွေအတွက် အထူးသင့်တော်တဲ့ Moshave လို့ခေါ်တဲ့ သီးသန့် Society လေးမှာနေရတာဗျ.။ super market တွေ စတိုးဆိုင်တွေ စားသောက်ဆိုင်တွေ ရှိပါတယ်။ ဝယ်ချင်တာလည်း အကုန်ဝယ် သုံးချင်သလို သုံးလို့ရတယ်။ မောင်သောကြာ မျက်နှာလေး ပြလိုက် သူတို့ဆီမှာရှိတဲ့ စာရင်းလေးတစ်ခု ထုတ်ပေးလိမ့်မယ် ကိုယ် သုံးတဲ့ ပမာဏ စစ်ပြီး လက်မှတ်ထိုးပေးလိုက်ရုံဘဲ ဆိုတော့ ပိုက်ဆံကိုင်စရာလည်း မလိုသလို ပိုက်ဆံအိတ်လည်း မလိုဘူးပေါ့ဗျာ။
မောင်သောကြာ သူငယ်ချင်းတွေကတော့ တော်ကြတယ်ဗျ။ အသုံးအစွဲ ခြွေတာသလို အလုပ်ချိန်ကို ပိုရအောင် နားချိန်သိပ်မယူကြဘူးဗျ။ သောကြာ စနေ တနင်္ဂနွေလို ကျောင်းမသွားရတဲ့ ရက်တွေဆို မနက် ၄ နာရီခွဲ ကနေ ည ၉ နာရီခွဲ ၁၀ နာရီထိလုပ်ကြတယ်ဗျ။ တစ်နေကုန် နာရီဝက် နှစ်ခါလောက်ဘဲ နားချိန်ယူပြီး ကြိုးစားကြတယ်ဗျ.။ သူတို့လိုဆိုရင်တော့ ငွေပို ငွေလျှံလေး စုမိဆောင်းမိကြတာပေါ့ဗျ. ဒါကလည်း စာရင်းထဲမှာ စုမိတာနော်။တစ်ချို့ကြတော့လည်း အိမ်ပြန်ပို့နိုင်ကြတယ်ပေါ့။ သောကြာတစ်ကောင်က တော့ လစဉ် ရှင်းတမ်းထုတ်ရင် အနှုတ် ပြစမြဲပဲဗျ။ အိမ်ကနေ လှမ်းမမှာရအောင် အတော်ကိုကြိုးစားရတယ်ဗျာ။ သောကြာ ကြိုးစားရှာပါတယ် အလုပ်ချိန်ကျ သတ်မှတ်ထားတဲ့ အနည်းဆုံး နာရီ ကျော်ရင် မလုပ်တော့ဘူး။ အသုံးအစွဲကြတော့လည်း လက်ကဖွာ။ လက်ဖွာတာတော့ မပြောနဲ့ နည်းနည်းလောက် ပမာပြရရင် သောကြာတို့ဆီကနေ အနီးဆုံးမြို့ ကို သွားရင် ဘတ်စကားခ US$ ၁၂ ကျပ်လောက်ကုန်မယ်။ လေးနာရီခွဲ ငါးနာရီသာသာ စီးရတဲ့ ခရီးပါ။ အသွားတုန်းက စခန်းကနေ အဝေးပြေး လမ်းပေါ်မှာရှိတဲ့ ဘတ်စတော့ဆီ ကားလိုက် ပို့တယ်။ ပြန်ချင်တဲ့အချိန်ပြန်တာဆိုတော့ အပြန် ကားအကြိုမရှိဘူး။ အဝေးပြေးလမ်းမကြီးကနေ စခန်းကို ၄၅ မိနစ်လောက် လမ်းလျှောက်ရတယ်။ သကောင်သား မောင်သောကြာ အကျင့်မကောင်းတာက အပြန်လမ်းလျောက်ရမှာစိုးလို့ အပြန်ကျရင် ဘတ်စ် မစီးတော့ဘူး တက်စီ ငှားပြန်တယ် ၁၁၆ ကျပ်လောက် ကုန်တယ် ဟီးဟီး ။ အကြမ်းဖြင်း အသုံးစရိတ်... ပြောရရင်...... နေစရိတ်က ဒီက စီစဉ်ပေးလို့ အသုံးစာရင်းထဲမပါ။ ဟိုနားသည်နားနဲ့ ကျောင်းသွားတာ ကားအကြိုအပို့လုပ်ပေးလို့ မကုန်ဘူး။ အဝတ်အစား နဲ့ ဖိနပ်က အစ ထုတ်ပေးတော့ တစ်ကိုယ်ရေ အသုံးအဆောင်ဝယ်ရတဲ့စရိတ်မရှိ။ ကုန်တာက ကျောင်းလခက တစ်လ တစ်ထောင်ဗျာ။ စားစရိတ် သောက်စရိတ်က ရှစ်ရာ ကျော်ကျော် ပုံမှန်။ လေ့လာရေးခရီးစရိတ်က တစ်လ လေးရာ ဝန်းကျင်။ ဖုန်း က နှစ်ရာ နဲ့ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ ဒါ အပိုသုံးတဲ့ စရိတ်မပါသေးဘူး။ လက်ရှိ မနက်ဖြန် သဘက်ခါဆိုသလို ပြန်ရတော့မယ် စာရင်းထဲ ဒေါ်လာခြောက်ရာ အပြည့် မရှိသေးဖူး။ ဟီး ထားလိုက်ပါတော့ ဆက်ပြောရင် ကိုယ်အသုံးမကျတာတွေ ပါကုန်တော့မယ်။
လိုရင်းဆိုရရင်တော့ ပိုက်ဆံအိတ် တဂ်စ် ပို့စ် ရေးတာပါဘဲ။ ပိုက်ဆံအိတ် က မကိုင်ရတာ နှစ်ကြာပြီဆိုတော့ ဘယ်လိုဆက်ရေးရပါ့...။ ပိုက်ဆံအိတ်က တကယ်ကို မကိုင်ရတာဗျာ။ အပြင်ထွက်ရင် ဘောင်းဘီအိတ်ထဲ ဖုန်းထည့် လိုက်ရင် ယူစရာ ကုန်ပြီ။ ငွေ ကိုင်စရာ မလို အကြွေးဝယ်ကဒ် ဆောင်စရာမလို။ ကုန်ကုန်ပြောရရင် ပါစ်စပိုစ့် (Passport) တောင် လက်ထဲကိုင်ထားစရာမလိုဘူး။ ရောက်လာကတည်းက သူတို့တံဆိပ်ပါတဲ့ ၂လက်မ သာသာ ကဒ်လေးတစ်ကဒ်နဲ့ လဲပေးထားတာ။ ဒါလည်း ကိုင်စရာ မလိုပါဘူး ဒီလူဒီရုပ် မြင်ရင် ဘာကောင်ဆိုတာ သိနေကြတာကိုး။ ပြောရရင် မောင်သောကြာ တစ်ယောက် ပိုက်ဆံအိတ် ပျောက်နေတာ ကြာလှပါကော လို့...။ ကျေနပ်ပါနော် ဒီလောက်နဲ့။ ရေးစရာ များများစားစား မရှိဘဲ ဆက်ရေးရင် မဆိုင်တာတွေ ပါကုန်မှာ။ ပြီးတော့စာအကြွေးတစ်ခု ကျေအောင် အမြန်ဆပ်လိုက်တဲ့ သဘောပါ.။ ရွှေမြူး နောက်ထပ် ဆက်တဂ်စ်ထားတဲ့ အဖြစ်ချင်ဆုံးဆန္ဒ ကျရင် များများရေးပေးပါမယ်။ အခုတော့ ဒီလောက်ပဲနော..။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

2009-06-11

လူကြီးများဖတ်ရန် ကလေးအတွေးများ

ကျွန်တော် ရဲ့ ချစ်သောသူငယ်ချင်းများ ခင်ဗျား
ကျွန်တော် သူငယ်ချင်းတို့ကို ပြောပြချင်နေသော စကားများရှိသော်လည်း ခု လတ်တလောအခြေအနေအရ ကိုယ်ကိုတိုင် ဘာကိုမှ ဟုတ်တိပါတ်တိ မရေးဖြစ် မရေးနိုင်ပါ။ အားသမျှသော အချိန်လေး တွင် ဘလော့များ ကို လိုက်ဖတ်နေရတာနှင့်တင် ရသောအချိန်လေး ကုန်ကုန်သွားပါသည်။ သိုရာတွင် တစ်ခုခု ပြောလိုသော အတွေး ပြင်းပြနေပါသဖြင့် အောက်ပါစာစုလေးအား သူငယ်ချင်းတစ်ယောက် အကူအညီတောင်း စာရိုက်ခိုင်းပြီး တင်မိပါသည်။ ခုတလော အဖြစ်ချင်ဆုံး ဆန္ဒ တဂ်ပိုစ့်များ လည်ဖတ်မိရင်း ပေါ်လာသော အတွေးတစ်စ ဖြစ်ပါသည်။ ကျွန်တော့်အတွေး ကလေးဆန်ကောင်း ဆန်နေပါလိမ့်မယ်။ ကိစ္စမရှိပါ ကျွန်တော် အခု တင်လိုက်သော စာစုသည်လည်း ဆရာ မင်းခိုက်စိုးစန် ၏ ကလေးအတွေး အက်ဆေး စာအုပ်ထဲမှ စာစုသာဖြစ်ပါသည်။

ကလေးအတွေး အက်ဆေး (၈)

(၁)

"ဟေ့...ချာတိတ်၊ ဒီလောက်မိုးရွာနေတာ...ဘာဖြစ်လို့ အိမ်ပြင်ထွက်ပြီး ရပ်နေရတာလဲ။ ကြည့်စမ်း... မင်းတစ်ကိုယ်လုံး ရွှဲရွှဲစိုနေပြီ"
"ကျွန်တော်...ပုန်းနေတာခင်ဗျ"
"ဟေ့...ဘာတွေပုန်းနေတာလဲ"
"မေမေက ရေချိုးပေးမယ်ဆိုလို့ ကြောက်လို့ ပုန်းနေတာ"

(၂)

ဒီအတွေးဟာ ကလေးတစ်ယောက်ရဲ့အတွေးဖြစ်တဲ့အတွက် တကယ့်ဖြစ်ရပ်နဲ့ သူရဲ့တွေးခေါ်ပုံ လွဲချော်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ရယ်မောပစ်လို့ ရပါတယ်။
ကလေးငယ်ဟာ ရေချိုးရမှာကို ကြောက်တယ်။ အဲဒီလို သူကြောက်တဲ့အရာကို ရှောင်တိမ်းလိုက်တော့ရော လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်ပါဘူး။ မိုးရေထဲ ထွက်ပြီးရပ်နေတော့ တစ်ကိုယ်လုံး ရွှဲရွှဲစိုရပြန်တာပါပဲ။
ကျွန်တော်က အဲဒီစိတ်ကူးကလေးကို လူကြီးတစ်ယောက်ရဲ့ အတွေးအဖြစ် ပြောင်းလဲပြီးမြင်ကြည့်တယ်။ လူကြီးတွေရော ဘာထူးလို့လဲ။
ကျွန်တော်တို့ဟာ ဒုက္ခတစ်ခုခု၊ အကျပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်ရမှာကို ကြောက်ကြတယ်။ ဖြစ်နိုင်ရင် ရင်မဆိုင်ချင်ဘူး။ ရှောင်တိမ်းပုန်းအောင်းချင်ကြတယ်။ အဲသည်လို ရှောင်တိမ်းလို့ရော ဒုက္ခကနေ လွတ်မြောက်သွားသလားဆိုတော့ မလွတ်မြောက်နိုင်ကြပါဘူး။ ပိုပြီးဆိုးဝါးတဲ့ အကျပ်အတည်းအောက်မှာ ရွှဲရွှဲစိုလျက်သား ဖြစ်သွားကြတာပါပဲ။
မာဂရက်ဘာခ့်ဝှိုက် ( Margaret Bourke White) ဆိုတဲ့ စာရေးဆရာမတစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ကြောက်စိတ်နဲ့ တွေ့ရင် ရဲရဲရင်ဆိုင်၊ လုပ်သင့်လုပ်ထိုက်တာ တစ်ခုခုကို လုပ်။ အဲဒီလိုလုပ်လိုက်တဲ့ အလုပ်က မကြောက်အောင် ကယ်သွားလိမ့်မယ်" တဲ့။
အဲဒီစကားကို ကျွန်တော်သိပ်ကြိုက်ပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ အလုပ်သင့်ဆုံးအလုပ်က အကျပ်အတည်းတွေ၊ ပြသာနာတွေ၊ ဒုက္ခတွေကို ရဲရဲရင်ဆိုင်ဖို့ပဲမဟုတ်လား။ ထွက်ပြေးနေဖို့ မဟုတ်ပါဘူး။
ထွက်ပြေးလိုက်ခါမှ ပြသာနာတွေ ပိုဆိုးရွားသွားတတ်ပါတယ်။ အမေရိကန်ပြဇာတ်လောကက နာမည်ကျော် ပြဇာတ်မင်းသမီးကြီး ဟယ်လင်ဟေး(စ်) Helen Hayes ရဲ့အကြောင်းကို တော်တော်လေး ကြားထားဖူးကြပြီးသား ဖြစ်မှာပါ။
သူမဟာ အသက်(၂၀) အရွယ်မှာ နာမည်ကြီးပြဇာတ်တစ်ပုဒ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံး ကပြရတယ်။ ရုပ်ရည်ကလည်းလှ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်မင်းသမီးကလည်း ဖြစ်ရပြန်ဆိုတော့ ဟယ်လင်က သူ့ကိုယ်သူ အကျေနပ်ကြီးကျေနပ် နေတာပေါ့။
သူ အစွမ်းကုန်ကြိုးစား သရုပ်ဆောင်တယ်။ သူ့စိတ်ကူးအိမ်မက်ထဲမှာတော့ သူ့ရဲ့အနာဂတ်ခရီးဟာ အရမ်းကို လှပချောမွေ့နေပြီပေါ့။ နာမည်ကြီးမယ်၊ ငွေသောက်သောက်လဲ ရမယ်... စသည်ဖြင့်ပေါ့။ သူ့မှာရှိရှိသမျှ အားအင်တွေ၊အစွမ်းသတ္တိတွေကို ညစ်ထုတ်ပြီး ကြိုးစားခဲ့တာပါ။
သူ့ပြဇာတ် ပထမညအပြီးမှာ အဝတ်လဲခန်းထဲကနေပြီးတော့ သူ့သရုပ်ဆောင်ချက်ကို ချီးကျူးဂုဏ်ပြုလာကြမယ့်သူတွေကို စောင့်မျှော်နေတယ်။
ဒါပေမယ့် သူတစ်ကယ်ရင်ဆိုင်လိုက်ရတာကတော့ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်။ အမျိုးမျိုး ရှုတ်ချကြတယ်။ ကဲ့ရဲ့ဝေဖန်ကြတယ်။
"ကိုယ် သရုပ်ဆောင်ရမယ့် Character ကို မပိုင်နိုင်ဘူး "
"သဘာဝ မကျဘူး"
"ကိုယ့်ကိုကိုယ် အလှပြတာ များလွန်းနေတယ်"...
စသည်ဖြင့်ပေါ့။
အဲဒီမှာ အဆိုးဆုံးဝေဖန်ချက်တစ်ခုကတော့
"ဒီလိုအရည်အချင်းမျိုးနဲ့ နာမည်ကျော် ပြဇာတ်မင်းသမီးကောင်း တစ်ယောက်ဖြစ်မလာနိုင်ဘူး"
ဟယ်လင်ဟာ အရမ်းကို တုန်လှုပ်သွားတယ်။ ရှက်လည်းရှက်သွားတယ်။ သူ့ကိုယ်သူ သေးသေးလေး ဖြစ်သွားသလို ခံစားလိုက်ရတာ။ ဇာတ်စင်ကို ကျောခိုင်းပြီး ပြဇာတ်လောကကို စွန့်ခွာထွက်ပြေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူ အရှုံးပေးပြီလေ။ ထွက်ပြေးတော့မယ်။
ဒါပေမယ့် အဲဒီမှာ ဟယ်လင်ရဲ့အမေက အဖိုးထိုက်တန်တဲ့ စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ပါတယ်။
"သမီး...လက်တွေ့အခြေအနေကို ရှောင်နေလို့မရဘူး"
ဟယ်လင်ဟာ သတ္တိမွေးပြီး ရဲရဲရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ သူ့ကိုဝေဖန်ချက်တွေဟာ အမှတ်တွေချည်းပဲလို့ လက်ခံလာနိုင်တယ်။ သူဟာ သရုပ်ဆောင်ပညာကို အစကနေ ပြန်လေ့လာသင်ယူပြီး ကြိုးစားတော့တာပါပဲ။ ဒုက္ခတွေကို ခါးစည်းခံပြီးလို့ (၄) နှစ်အကြာမှာ သူဟာ ကမ္ဘာကျော် ပြဇာတ်မင်းသမီး တကယ်ဖြစ်လာတော့တာပါပဲ။

(၃)

ကျွန်တော်တို့ရော ဒုက္ခကို ဘယ်လိုရင်ဆိုင်နေကြပါသလဲ။ ရှောင်ပြေးနေကြပါသလား။ ရဲရဲရင်ဆိုင်နေကြပါသလား။ ရှောင်ပြေးနေကြသေးတယ်ဆိုရင်တော့ "ကလေးအတွေး"ပဲရှိသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

ဆရာမင်းစိုက်စိုးစန်ရဲ့ ကလေးအတွေး အက်ဆေး (၈) ပါ။
ကလေးအတွေး ကနေ လူကြီးတွေအတွက် တစ်စုံတစ်ရာအတွေး ရနိုင်ပါစေ။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

2009-05-20

ဆရာမ သင်သော ခေါင်းဆောင်မှု...

မနေ့ညက ပေါ့ဗျာ။ အိပ်မပျော်တာနဲ့ တွေ့တဲ့လူနဲ့ ချက်မယ် ဆိုပြီး online ပေါ် တက်လိုက်တာ အလုပ်တစ်ခု ရတာပဲဗျာ။ အစကတော့ မောင်သောကြာ ဒီအကြောင်းတွေ ပြောချင်ပါဘူး။ အမေးရှိလို့ အဖြေရှိတာပါနော်။ တောင်ပြော မြောက်ပြော ရောက်တတ်ရာရာ ချက်နေကြရင်း ကိုသောကြာ တဲ့..အင်း ဆိုတော့ ကျောင်းသွားသွားပြီး ဘာလုပ်ကြတာလဲတဲ့။ ဟာဂျာ ကျောင်းသား ပဲ ကျောင်းသွားတာ စာသင်ဖို့ ပေါ့ဂျ..ဆိုတော့ ဘာစာတွေ သင်တာတုန်းတဲ့..။ အို စုံလို့ စုံလိုပါဘဲဗျာ..ဆိုပြန်တော့ ပြောပြပါလား တဲ့ နည်းနည်းလောက် သူများတွေ ဘာတွေသင်ရတယ် ဆိုတာ အတုယူ မှတ်သားချင်လို့ပါတဲ့။ ဆရာတစ်ယောက်ယောက် ရဲ့ လက်ချာ နည်းနည်းပြန်ပို့ချစမ်းပါတဲ....။
ကဲ ပြန်တော့ ဆရာ မလုပ်တတ်ဘူးဗျို့။ တိုက်ရိုက်ပဲ ဖော်ပြလိုက်မယ်။
ခု မိတ်ဆက်ပေးမယ့် ဆရာမ က Mrs. Sharon တဲ့။ မောင်သောကြာတို့ကို သင်ပေးတာက Administrative Management ဘာသာကို သင်ပေးတာ။ ဘာတွေပါလဲ ဆိုတော့ Total Quality Management, Staff Management, Leadership ဒါတွေ ရောနှောမွှေနှောက်ထားတဲ့ဘာသာ။
ဒီနေ့ ISO 9000:2000 နဲ့ ISO 22000:2005 ဆက်သင်နေတုန်း ပြန်ပြောဖို့ ဒီလို မှတ်တမ်းတင်ထားတာ...





ဘာအကြောင်း ပြန်မျှဝေမှာလဲ ဆိုတော့ သူသင်တဲ့ Leadership အခန်းလေ..






သူသင်တာတွေက အများကြိးဗျ။ Contingency Model တို့ Ferad's Assumptions တို့။ သိပါဘူးဗျာ အဲလောက်အများကြီး။ အောက်က ပြောမယ့်ဟာကလည်း သူ ဥပမာ ပေးထားတာ ။ ဘာသာပြန်တတ်ဘူး ကိုယ့်ဘာသာဖတ်..


သိလိုက်တာ ဆိုလို့ ငါတို့ လုပ်နိုင်တယ် ဆိုတာပဲ ဒါတောင် ဆရာမက ခဏ ခဏ ပြောနေလို့...


သူ ပြောပြတာ မောင်သောကြာ နားလည်သလို ဆိုရင်တော့ Leader ဆိုတာ သိပ်တော့ ထူးထူးခြားခြားကြီးတော့ ဟုတ်ပါဘူးဗျာ။ သူက အစလေး တစ်ခုပဲ။ ဘာနဲ့နှိုင်းပြောသွားလဲ ဆိုတော့ မီးတောက်တစ်ခုနဲ့ ခိုင်းနှိုင်းပြောသွားတယ်။ ခေါင်းဆောင်ဆိုတာ မီးပွားစ လေး တစ်စ သာပဲတဲ့။ တက်ကြွတဲ့ နောက်လိုက်ကောင်း တွေဆိုတာ လောင်စာဆီတွေပါ ပဲတဲ့။ မီးလောင်ရာ လေပင့် ဆိုသလို အခြေအနေ တစ်ခု လည်း လိုတယ်တဲ့ အားလုံးခြုံပြောရရင်တဲ့ ခေါင်းဆောင်မှု့ကောင်း ဆိုတဲ့ မီးတောက် အရှိန်ကောင်းကောင်းတောက်ချင်ရင် မီးစ တင်ဟုတ်ဘူး လောင်စာ တို့ ဘာတို့ လိုတယ်လို့ ပြောတာပဲ

ပြောတော့ပြောသွားတာပါဘဲဗျာ။ မောင်သောကြာလည်း ညည ဘလောဂ့် လည်လည် နေရတာနဲ့ စာသင်ချိန် အိပ်ငိုက်ငိုက်နေတော့ နောက်က လည်း မလိုက်နိုင်ပါဘူး။ နားလည်း မလည်တော့ ခက်တယ် နားထဲလည်း မီးစ မီးတောက် မီးပွားတွေ ပဲ ကြားနေတာ။
ကဲ ပြောချင်တာ အဲ ဆရာမ သင်တာ ပြောပြပြီးပြီ။ နောက် လိုက် တက်ဦးမှာလား အတန်း....
ရေးသားသူ-ကြယ်သောကြာ

2009-05-18

ရိုး အ လိုက်ပုံက...

မောင်သောကြာ အလုပ်ထဲက အကြောင်းအရာလေး တစ်ခုလေးတစ်ခု သတိရလို့ ရေးတင်လိုက်ပါတယ်။ အိမ်ကို လွမ်းနေချိန်လေးဆိုတော့ အလွမ်းပြေလေးပေါ့။
လွန်ခဲ့သော နှစ်နှစ်ကျော် သုံးနှစ်ခန့်က ဖြစ်ပါသည်။
မောင်သောကြာ တို့ အဲသည့်အခေါက်က စားနပ်ရိက္ခာ ဆင်းရဲချို့တဲ့မှု ၊ ဝင်ငွေခွဲဝေဖြန့်ဖြူးမှုနှင့် စားသုံးမှုပုံစံ (Food Poverty , Income Distribution and Consumption Pattern ) ကို နှိုင်းယှဉ်တိုင်းတာရန် အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း အတော်အသင့် ဖွံဖြိုးတိုးတက်ပြီးသော ကျေးလက်ဒေသ ကို လိုအပ်သော ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်ဖို့ရာ စစ်တမ်းကောက်ယူ (Survey) ထွက်ခဲ့စဉ်က ဖြစ်ပါသည်။ ပုံမှန်ခရီးတွေတုန်းကလို သွားလာရန်ခက်ခဲသော နေရာများ မဟုတ်သည့် အတွက် အတော်ကို အဆင်ပြေခဲ့သော ခရီးလည်းဖြစ်ပါသည်။ မောင်သောကြာ တို့အဖွဲ့တွင် မောင်သောကြာ၏ ဆရာမကြီး ဌာနမှုးလည်းဖြစ်သူ Professor Dr.Li ၊ မောင်သောကြာ၏ ဂျူနီယာ ညီမလေး နှစ်ယောက် နှင့် တပည့်လေး လေးယောက်၊ ပေါင်း ရှစ်ယောက် အဖွဲ့ဖြစ်သည်။ သွားခဲ့သော ဒေသကား မကွေးတိုင်း အတွင်း၊ နတ်မောက်၊ မကွေး၊ မင်းဘူးနှင့် ပွင့်ဖြူ မြို့နယ်များ ပင်ဖြစ်သည်။ ယင်းဒေသ များတွင် ဆောင်ရွက်နေသော NGO, GO များ၏ ကျေးလက်ဒေသ ဖွံဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများ ရေရှည်အလားအလာ နှင့် လက်ရှိ အကျိုးသက်ရောက်မှုများကို ကွင်းဆင်းစစ်တမ်းကောက်ယူကြခြင်း ဖြစ်ပါသည်။ ထားတော့ လုပ်ငန်းအကြောင်း အသေးစိပ်ကို မချဲ့လိုတော့ပါ။
တစ်ရက်ပြီး တစ်ရက် တစ်ရွာပြီး တစ်ရွာ၊ တစ်မြို့ပြီးတစ်မြို့ နှင့် ကျေးလက်က တောသူ တောင်သား များကြား သွားလာရင်း လေ့လာသုံးသပ်မေးမြန်းခဲ့ကြသည်ပေါ။
မင်းဘူးက ပွင့်ဖြူ အကူးထင်ပါသည်။ ကိုယ်သိလိုသမျှ မေးသမျှ ဖြေပေးကြသော ဒေသခံ ရွာသားများအတွက် ပေးရန် လက်ဆောင်ကား မလောက်တော့ပါ။ သည်တော့ကာ မကွေးဈေးကြီးထဲ မနက်စောစော ခရီးဆက်မထွက်ခင် လက်ဆောင်ပေးရန် ပစ္စည်းသွားဝယ်ကြပါသည်။ အဲ အဲသည့်ကိစ္စကလည်း အတော်ခေါင်းစားရသော အရာပင်။ ပေးရမယ်ဆိုသော ကန့်သတ်ချက်များလည်း မရှိပါ။ ပေးဖို့အတွက်လည်း ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ကိုယ့်ကို ထောက်ပံထားတာမဟုတ်။ ကိုယ်လုပ်သော အလုပ်လေး အဆင်ပြေပြေ ဖြစ်သွားအောင် နောက် ဒေသခံသူတွေနှင့်လည်း ရင်းရင်းနှီးနှီး ဖြစ်စေလိုသော သဘောမျိုးဖြစ်အောင် လက်ဆောင်ပေးခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်ကောင်း ပေးရသည်မဟုတ်။ ဝင်လိုက်သော ရွာတိုင်း ၊ ရွာရှိ လူကုန်နီးပါး မိမိအလုပ်နှင့် ပါတ်သတ်လာသမျှ လက်ဆောင်ပေးရဖြင်းဖြစ်ရာ ပစ္စည်းတန်ဖိုးနှင့် အရေအတွက် အသုံးဝင်မှု လိုအပ်မှု စသည် စဉ်းစားဝယ်ရသည်မှာ အတော် လေးခေါင်းခြောက်ရ၏။ ကိုယ် ဘက်ဂျက်နှင့် ကိုယ် အိတ်စိုက် အလုပ်။ ဈေးထဲ နှစ်ခေါက်မျှ လျှောက်မိသော အခါ တွေ့ပါသည်။ ဆပ်ပြာမွှေးခဲလေးတွေ။ ဈေးကွက် စတင်သွင်းစ အမျိုးအမည် ဖြစ်သောကြောင့် ဈေးလည်း သက်သာသည်။ လူတစ်ယောက် ဆပ်ပြာမွှေးခဲ နှစ်ခဲ နှုန်းနှင့် အဝတ်လျှော်ဆပ်ပြာမှုန့် သုံးထုပ်နှုန်းတွက်ကာ လူနှစ်ရာ တွက်ဝယ်ခဲ့ကြသည်။ ဈေးဝယ် မနက်စာ စားကြပြီးသည့်နောက် ထိုနေ့ မနက်စောစောတွင် ယခင်နေ့က မပြီးပြတ်ခဲ့သော မင်းဘူး မြို့နယ် အစွန်ဆုံးရှိ ရေပုတ်ရွာလေးသို့သွားရောက်ကာ ဆက်လက်အလုပ်လုပ်ကြပါသည်။ မင်းဘူးမှ ပွင့်ဖြူသို့ ကူးဖို့ ရည်ရွယ်ထားသော်လည်း ညနေလောက်မှ ကူးဖြစ်ကြမည် မှန်းထားကြပါသည်။ သို့ရာတွင် မနက် ဆယ်နာရီ သာသာလောက် ဆောင်ရွက်စရာများ ပြီးဆုံးသွားသည့်အတွက် မင်းဘူး ခရိုင်ဂျာ ကို လမ်းခရီး အဘယ်ရွာက လမ်းကြုံ ဝင်၍ ကြည့်လျှင် အဆင်ပြေနိုင်မလဲ မေးရာ မင်းဘူး(စကု) ခရိုင်အတွင်းက လယ်ကိုင်းမြို့လေးကို စီစဉ်ပေးပါသည်။
ဟုတ်ပါသည်။ လိုက်ပါလာသော မောင်သောကြာတို့ အဖွဲ့တွင် မောင်သောကြာအတွက် အလွန်အဆင်ပြေနိုင်သော ရွာလေးပင်။ အဘယ်ကြောင့်ဆိုသော် မောင်သောကြာ လေ့လာရာ၊ ကျွမ်းကျင်ရာ နယ်ပယ်သည်ကား (လွယ်လွယ်ပြောရလျှင်) အသေးစားငွေစုငွေချေး လုပ်ငန်းနှင့် ကျေးလက်ဖွံဖြိုးရေး (Microfinance and Rural Development ) ဖြစ်ပေရာ ရွာလေးထဲ ဝင်လျှင် ဝင်ခြင်း အရမ်းသဘောကျမိပါသည်။ (လယ်ကိုင်းသည် ရှေးအခါက မြို့ဖြစ်ခဲ့သဖြင့် လယ်ကိုင်းမြို့ ဟု ခေါ်ခြင်းဖြစ်သော်လည်း ယခုအခါ ရွာလေးတစ်ရွာသာဖြစ်သည်) ။ ကားလမ်းဘေး ၌ ကားရပ်နားစရာ ဆိုင်လေးများ အဆိုပါဆိုင်လေးများတွင် ၄င်းရွာလေး၏ ထွက်ကုန် လယ်ကိုင်းမရွေး နှင့် ယိုမျိုးစုံ။ ရွာထဲကြည့်မိတော့လည်း မိသားစု တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းလေးများ။ ဆိုကြပါတော့ အဆိုပါ ရွာလေးတွင် မောင်သောကြာတို့ သူတို့၏ ဘဝအနေအထားကို လေ့လာစမ်းစစ်ကြသည်။ ပုံမှန်ဆိုလျှင်တော့ ရွာတစ်ရွာ ရောက်လျှင် တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် တောင်သူကြီးများ အလုပ်နားချိန် နေ့ပိုင်း၊ ညပိုင်း သို့မဟုတ် လုပ်ငန်းခွင်ထဲလိုက်ပြီး အအား စောင့်ကာ မေးကြမြန်းကြ စစ်တမ်း ကောက်ယူလေ့ရှိသော်လည်း ထိုနေ့က ခရီးသွား ဟန်လွဲ အလုပ်လုပ်ကြခြင်းဖြစ်ရာ ကျေးရွာ ရယက ရုံးမှာပင် အားလုံးစု၍ မေးမြန်းလေ့လာမှတ်တမ်းယူဖြစ်ခဲ့သည်။ ကိုယ် သိလိုသမျှ တောင်တောင်အီအီ စစ်စစ်ပေါက်ပေါက် ချော့တလှည့် ချိုတလှည့် မရ ရအောင် မေးကြပြီးသည့် နောက် ပါလာသည့် လက်ဆောင်လေးတွေ ကျေးဇူးတုံတင်သည့်အနေဖြင့် ပေးကြသည်ပေါ့။
မောင်သောကြာလည်း ကိုယ့်အလုပ်နှင့် ကိုယ် ဈာန်ဝင်နေတုန်း ဘေးနား အဖိုးတစ်ယောက်က လက်အသာ လာတို့သည်။ အသာမော့ကြည့်လိုက်တော့ စောစောက မောင်သောကြာ မေးသမျှ စိတ်ရှုပ်ရှုပ်ဖြင့် ဖြေပေးသွားသော အဖိုး။ ဘာကိစ္စရှိသေးလဲ အဖိုး လို့မေးမိတော့... ဆရာလေး၊ ဒါဘာလေးလဲ တဲ့ ။ ယူကြည့်မိလိုက်ရာ ဆပ်ပြာမွှေးခဲ အခွံမှာ ပါသော ခဲခြစ်ကံစမ်းမဲပြားလေး။ သိတယ်မို့လား ရွှေပြည်ကြီးမှာ ခေတ်စားတဲ့ အလေ့အထ။ အံမယ် ခြစ်တောင်ကြည့်ထားလိုက်သေးသည်။ သေသေချာချာ ကြည့်မိတော့

" 1000,
Thank you"

တဲ့။
အဖိုး အဲဒါ ကံစမ်းမဲလေ။ ပေါက်ရင် အဖိုး ပိုက်ဆံရမှာပေါ့။
အင်း ဖိုးတို့က ဘိုစာ နတ်စာတွေ မတတ်တော့ ဘာရေးထားမှန်း မသိပါဘူးကွယ်။ ဆရာလေး ဖတ်တတ်ရင် ပြောပြစမ်းပါ ဖိုး ကို။ ဘာရေးထားတယ်ဆိုတာ။
ရော် ခက်ပြီ။ ကိုယ်ကလည်း အဲလိုဆပ်ပြာမျိုး မမြင် မသုံးဘူး။ ကြည့်လိုက်တော့ တစ်ထောင်၊ ကျေးဇူးတင်ပါသည်။
အဖိုး တစ်ထောင် လို့တော့ ရေးထားတာပဲ မဲပေါက်တာ နေမှာပေါ့ ဆိုင်မှာ သွားထုတ်လိုက်လေ။ နော် ဆိုတော့
မလွယ်ပါဘူး ဆရာလေးရယ် ဒါမျိုးရောင်းတဲ့ဆိုင် မြို့မှာပဲ ရှိမှာပေါ့ ပြိးတော့ အဖိုး သွားလည်း မထုတ်တတ်ပါဘူး အင်း အကြံရခက်ပါသကော ငွေတစ်ထောင်ကြီးများတောင် ဘုရားပေးလို့ ရနိုင်ပါရက် ထိုက်တဲ့ ကံ ပါမလာတော့...
ဆိုပြီး မပြန်သေးဘဲ အနား တွတ်တွတ် ရွတ်နေရှာသော အဖိုး ကိုကြည့်ပြီး မောင်သောကြာ တစ်ယောက် တော်တော် သနားသွားပါသည်။ သူ့ခမျှာ ကြည့်ရတာ ရိုးပုံရိုးလက်ကြိး နွမ်းပါးပုံလည်း ပေါ်သည်။ မြို့လည်း လည်လည်ပတ်ပတ် သွားဖူးပုံ မပေါ်။ အော် ငွေတစ်ထောင် သူ့ အတွက်တော့ များရှာပေလိမ့်မည်။ အင်း ကိုယ် ဒီနေ့ လက်ဘက်ရည် တစ်ခါလောက် လျှော့သောက်လိုက်ရင်..... ပြီးတော့ တောက်လျောက် စိုက်လာခဲ့သည့်အိတ် ဒါလောက်လေးနှင့်တော့ ထူးမကုန်တော့...အတွေးပေါက်ပြီးသကာလ
ကဲ အဖိုး ဘာမှ မစဉ်းစားနဲ့တော့ ရော့ သည်မှာ ငွေတစ်ထောင် ကျနော် အဖိုးကို ကန်တော့တာ။ အဲသည့် မဲလည်း မြို့လူကြုံရှိရင် ထုတ်ပေါ့ ထုတ်မရလည်း အမှတ်တရ သိမ်းထား အဖိုးရေ။ ဆိုမှ ကမ်းပေးလိုက်သော ထောင်တန် တစ်ရွက်အား မက်မက်မောမော ယူရင်း အသာလှည့်ထွက်သွားပါသည်။
မောင်သောကြာ လည်း ညီမလေးဘက် လှည့်ကာ တွေ့လား အစ်ကို ကုသိုလ် လုပ်လိုက်တာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလဲ အဲ ညနေတော့ လက်ဘက်ရည် မင်း တိုက် ဟု အဖော်လှမ်းညှိမိသေးသည်။
ကိုယ်ဘာသာ ကိုယ် ဖြေရှင်းပေးလိုက်သော အရာလေးကို တွေးကျေနပ်နေလို့မဆုံးခင် ဆရာမကြီး Dr.Li ဆီဘက်မှ မကျယ်တကျယ် မေးသံ မြန်းသံ နှင့် မောင်သောကြာရေ လာရှင်းစမ်းပါဦး မင်းပြသာနာ ဆိုတော့ အပြေးလေး အသွား.....လားလား ဆရာမကြီးရှေ့ စားပွဲပေါ် 1000, Thank you တွေ ပလူပျံနေပါရောလား။ ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ သူမ အလုပ်လုပ်နေစဉ် မေးမြန်းပြီးသော ရွာသား အချို့ ရောက်လာကာ ထို မဲပြားများပြကာ ပိုက်ဆံတစ်ထောင်စီတောင်းကြောင်း ၊ သူမ နားမလည်၍ မေးသောအခါ ဤမေးနေသော အဖွဲ့မှ ထိုသို့ပြနိုင်လျှင် ငွေတစ်ထောင်ပေးသည် ဆိုသည့်အတွက် လာတောင်းကြောင်း သူတို့၏ ရပိုင်ခွင့်များကို လူကြီးဖြစ်သော ဆရာမကြိး မှ ဖြေရှင်းထုတ်ပေးပါ ဆိုလာသည့် အကြောင်း ဆရာမကြီးက ဇာတ်စုံခင်းပြပါသည်။
ဘုရား ဘုရား ဘယ်လိုဖြစ်ပါလိမ့် ကျန်ရှိသော အထုပ်တစ်ချို့တစ်လေ ခြစ်ကြည့်တော့ ခြစ်မိသမျှ တစ်ထောင်၊ ကျေးဇူးတင်ပါသည်။ ခေါင်းတော်တော် ထူပူသွားမိခဲ့သည်။ လူတစ်ယောက်လျှင် ငွေတစ်ထောင်စီ ထပ်ပေးရအောင် မိမိသည်လည်း မီလျှံနာ မဟုတ်။ ပြီးတော့ ကံစမ်းမဲ က တစ်ခုခုတော့ မှားနေပြီ။ ဤကိစ္စ ပြေလည်အောင် ဖြေရှင်းပေးခဲ့မှ ရမည်။ နောင်အလားတူ အလုပ်မျိုး ဤရွာ၌ ထပ်လုပ်လိုလျှင် အစကတည်းက အမှားကင်းမှ ရမည်။ မဟုတ်ရင် တောသူတောင်သားဆိုတာ ရိုးက ရိုးပါဘိ အစွဲအလမ်းကလည်း ကြိးပါဘိနှင့်... တစ်ယောက်တည်း အကျပ်ရိုက်နေတုန်း မေခလာ ပေါ်လာသည်။
“ကဲ ရှင်တို့တွေ တော်ဖို့ကောင်းပြီ။ အဲသည့်မဲ ဘာဆိုတာ မသိတာလည်း မဟုတ်ဘူး။ ဟော ဆရာလေး က မသိလို့ စေတနာပိုပြီး ဦးခင်လှကြီး ငွေတစ်ထောင် ပေးလိုက်တာ။ ပြီးတော့ ဆပ်ပြာက ရှင်တို့ကို ရောင်းတာလည်း မဟုတ်ဘူး မေတ္တာနဲ့ ပေးတဲဟာတွေ။ စေတနာ ပျက်အောင် မလုပ်နဲ့ အကုန်ပြန်သိမ်းလိုက်မယ်" ရယက စာရေးမ အစ်မကြီး စကားအဆုံး လူအုပ်ကြီး အလျိုလျို ပျောက်ကုန်သည်။
အင်း ပြသာနာတော့ ရှင်းသွားပြီ။ ဒါပေမယ့် မောင်သောကြာ အဖို့တော့ မရှင်းသေး။ ရယက စာရေးမ၏ စကားထဲ မြုပ်ကွက် တစ်ခု ပါနေသည်။ ရှင်တို့တွေ မသိတာလဲ မဟုတ်တဲ့။ ဟောဆရာလေးက မသိလို့ တဲ့။
ကျေးဇူးတင်ပါတယ် အစ်မရယ်။ ဒါပေမယ့် ကျနော် မသိတာလေး တစ်ချက်လောက် ရှင်းပေးပါဦး ဒီကိစ္စ ဘယ်လို ဘယ်လို ဆိုတာ...မေးကြည့်တော့ စာရေးမ က အသက် သုံးလေးနှစ် ကလေးတစ်ဦးကို ကြည့်သလို မောင်သောကြာ ကို ကြည့်ပြီး ဆရာလေးက ဒီမှာ မနေဘူးလို့ ဒါမျိုး မသိတာရယ်။ အဲ ဆပ်ပြာမွှေးတွေ ပြီးခဲ့တဲ့နှစ်ပိုင်း ဒီဒေသ စရောက်လာတော့ ခုလို မဲ ရရင် သွားထုတ်ကြတာ တကယ်တမ်းကျ အဲတာ မဲ ပေါက်တာမှ မဟုတ်တာ ဆရာလေး ရဲ့ ပါလာတဲ့ 1000 တို့ 500 တို့ကို သိမ်းထား။ ပြီးမှ 1ks ဒါမှမဟုတ် 5 ks ဆိုတဲ့ စာပါတဲ့ မဲပြားနဲ့ တွဲမှ ၁၀၀၀ ကျပ် တို့ ၅၀၀၀ ကျပ် တို့ ထုတ်ရတာလား ဆရာလေးရဲ့။ ဒါကို ဆရာလေးက မသိဘဲ ငွေသွားပေးတော့ အင်း ခက်ပါတယ် ဒီလူတွေနဲ့တော့..တဲ့
ကဲ....ခက်ပေဘူးလား ကိုယ်မှ မသိဘဲဟာကိုး။ တစ်ကယ် ကို အ ပါတယ်။

(စာကြွင်း။ မောင်သောကြာတစ်ယောက် မရှုပ် ရှုပ်အောင် လှည့်သော အဲဆပ်ပြာ ကုမ္မဏီ ကိုသာ မေတ္တာပို့မိပါသည်။)

ရေးသားသူ-ကြယ်သောကြာ

2009-05-06

Two Dominant Discourses in Life

Today, I took some practice of mediation for a few hour and after that I read some words of Dhamma, because I thought my mind is so greed, anger, pride, envy, jaelously and not cleam and peaceful, with a lot of working pressure for such a long time. I used to meditate since I was young if I wanna to wash my mind form evil things. So, I made it today. After mediation, I read the book entitled " A Map of Journey" written by Sayadaw U Jotika, to nourish my mind with Dhamma words. This book is my favoriate one and it is alwaly with me whenver I go. Whenever I read it, it accustomed to give me so peaceful and clam things in mind.
While I am aware of these Dhamma words and enjoy it, I have one idea to share the words I felt best today. Really, I think about and reflect on the words that Sayadaw said, for the time being, and then, wanna to share it.
What the words Sayadaw said is:
"There are two line from a verse I read a long time ago; it is a very long verse, three page long I think. I can only remember the first two lines, a very beautiful two lines and I am living those two lines. This is what I do; I live poems and my life become a poem. Those two lines are:

" The grate way is not difficult
for those who have no preferences"
~Hsin-hsin Ming by Seng-t'san the 3rd Zen Patriach

I am trying to live that. Preferences are not that bad. Needs are very bad actually. We say "I need this, I need that" or "I want this, I want that".

Want is not that bad.
Need is more bad because when you say "I need"
that means you cannot live without it.

In most case we don't need much. What we really need is so little that it's funny we talk about; we don't even want to talk about it. We don't need much..
.............
When you say " I need it", look very deeply and ask youself, "Do I really need it? Can't I let go of it?" Are you really sure you need it? If you ask that question maybe your answer may be, ninety nine out of a hundred. "No, I don't need it. I want it." So be very honest about it. "I want it" that's very honest. And even better if you say "I prefer it". By saying that it means that it is not so demanding, you can change your preference. "It's OK I can change it. I prefer this but as I can't get this I will be quite satisfied with what I get." And even then you say, "If you have no preference at all, you are so peaceful and free". So, why are you making yourself so unhappy? You are letting this happen.
~A Map of the Journey - Sayadaw U Jotika
.......
After reading it, I've so many things to consider and compare concerning about "Needs Vs Wants".
What is Need and what is Want????
In my study, I've been learn about "Needs and Wants", as one part of the course. Both academic and popular discussion of consumption tend to centre around two dominant discourses or rhetorics. These are those of need (satisfaction) and want (desire) These rhetorics relate to contrasting models of human action with associated ideologies The need rhetoric has its origin in a Puritan-inspired utilitarian philosophy of comfort and satisfaction, while the want or desire rhetoric has its origin in a Romantic-inspired philosophy of pleasure-seeking Although both ideologies and their associated rhetorics are institutionalized in contemporary society, it is the former that tends to have greater legitimacy.... And so,I thought, I think and am thinking,.... and then, and then.... I felt in very deep sleep.
written by KyelThautKyar

2009-04-30

အိမ်မက် မက်ခြင်း


ည...
အိမ်မက် မက်နေရာက ဖျတ်ခနဲ လန့်နိုးလာမိသည်။
ညက.. ဝိုးတဝါး။ ပြာရီမှုန်ဝေနေသည်။ အတွေးထဲတွင် ဖွဲ့သီထားသော အိမ်မက်တို့က မပီမပြင်.. နိုးတစ်ဝက် အိပ်တစ်ဝက် ရင်ခုန်သံထဲမှာပင် သူမကို တမ်းတနေမိသည်။
ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သော အခါ ညဉ့်အမှောင်ထဲတွင် ဆောင်တော်ကူးပန်း ရနံ့တွေက လွမ်းမောဖွယ် သင်းပျံ့နေလေသည်။ ဆောင်းညလေပြည်ထဲတွင် သစ်ရွက်ခတ်သံတစ်ချို့ကြားရဧ။်။
ဖျော့တော့သောအလင်းဖြင့် မှုန်မှုန်ရီဝေနေသော နှလုံးသားမှာ လမင်းတစ်စင်းကို တမ်းတသလိုမျိုး သူမကို သတိရနေမိသည်။
တစ်ချက်တစ်ချက် စိမ့်ကနဲ တိုးဝင်လာသော လေနုအေးထဲ ဆိတ်ဖလူး ပန်းနံ့တွေ တစိမ့်စိမ့် တဝေဝေ့ မျောလွင့်နေသလိုလို....။
သူမကို သတိရတမ်းတတဲ့ စိတ်နဲ့ တစ်ဆက်တည်း နှလုံးသားမှာ အထီးကျန်ဆန်မှုကို နွမ်းလျစွာ ခံစားမိလိုက်ရသည်။
"စာနာနားလည်နိုင်မှု".....။
ဟင့်အင်း..... မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီဟာ ကိုယ့်ဝေဒနာ ကိုယ်ဘာသာ ကို ခံစားရတာပါပဲ။ ကိုယ်ခံစားရတဲ့ ဝေဒနာကို ကိုယ်လောက် ဘယ်သူက နာကျင်တတ်မှာ မိုလို့လဲ....။
သူမ ကရော.....ချစ်ရတဲ့ သူမကရော ???????
......
....ညီမလေး......
တုန်ရီမောလှိုက် စွာအော်ခေါ် မိလိုက်သည်.။
......
ရုတ်တရက် လန့်နိုးလာမိသည်။ နာရီကို ကြည့်မိတော့ ၁ နာရီ ၃၆။ အခန်းကျဉ်းလေးထဲ ဖျော့တော့သော ပြာလဲ့လဲ့ အလင်းမှတစ်ပါး အရာအားလုံးတိတ်တဆိတ်နှင့်.....။
အပြင်မှာ ကန္တာရ ကိုဖြတ်၍တိုက်လာသော သဲပွင့်ရှရှပါသော လေပြေကြမ်းက မှန်တံခါးကို လာပွတ်တိုက်သွားသည်။ စိတ်အစုံတို့က လက်ရှိဘဝ ကိုချက်ချင်းမရောက်ချင်သေး။ အလွမ်းငွေ့တို့ မစင် တစင် နှင့် ဝန်းကျင်နှင့် သဟဇာတ မဖြစ်မိ။
သတိရတမ်းတသောစိတ်နှင့် အိပ်ယာဘေးရှိ ကွန်ပြူတာလေးကို အသာဆွဲယူမိလိုက်သည်။
ကျွန်တော် အိမ်ပြန်ချင်နေပါပြီ။
ရေးသားသူ-ကြယ်သောကြာ