2009-06-16

ပိုက်ဆံအိတ် ပျောက်ဆုံးခြင်း

ပိုက်ဆံအိတ်....ပိုက်ဆံအိတ် တဲ့
ညီမငယ် ရွှေမြူး တဂ်စ် ထားတာကြာပါပြီ။ စာအကြောင်းပြ အရှုပ်လုပ်နေရင်း အလုပ်ရှုပ်လို့မရေးနိုင်တာ ကိုယ်ဘာသာ ကိုယ် ဖြေသိမ့်ပြောနေရင်တော့ စာကြွေးက ဆပ်လို့ ကုန်မှာမဟုတ်ပါဘူး။ ပြီး ထပ် တဂ်စ် ထားသေး အဖြစ်ချင်ဆုံးဆန္ဒ တဲ့။
ဖြစ်နိုင်ရင်တော့ ပိုက်ဆံအိတ် အကြောင်း မပြောချင်ဘူးဗျ။ သိပ်လည်း ထူးထူးထွေထွေ ပြောစရာလည်း မရှိလို့ပါ။
ပိုက်ဆံအိတ် အကြောင်းပြောရရင် မောင်သောကြာ ရဲ့ ဝင်ငွေ ထွက်ငွေ အခြေအနေအကြောင်း နည်းနည်းပြောရလိမ့်မယ် ထင်တယ်။ အားလုံး သိကြပြီးသားပါ မောင်သောကြာ ဒီမှာ State scholar နဲ့ လုပ်ငန်းခွင်သင်တန်း လာတက်နေတယ်ဆိုတာ။ အဲ ပြောစရာက စကောလာ ရတယ်သာပြောရတာ ဟိုကနေ စထွက်ကတည်းက ခုပြန်တော့မယ့် အချိန်အထိ ကိုယ့်စရိတ်နဲ့ကိုယ်လာ ကိုယ်ငွေနဲ့ကိုယ် တက်ရတာဗျ။ ဟိုဘက်က သင်တန်းသား ရွေးချယ်ပြီး စေလွတ်ပေးမယ် ဒီဘက်က အခကြေးငွေနဲ့ လက်ခံသင်ကြားပေးမယ် ပေါ့ဗျာ။
ဆိုတော့ သောကြာတို့ ဘယ်လိုရပ်တည်နေကြသလဲ...။ လာတုန်းကတော့ အဖေ့စပွန်ဆာ နဲ့ပေါ့ဗျာ။ ဒီရောက် သင်တန်းတက်တယ်။ စာသင်ချိန်အပြင် လက်တွေ့ လုပ်ငန်းတွေ လုပ်ရတယ်ပေါ့ဗျာ။ အဲလိုလုပ်ရင် လုပ်သလောက် လုပ်အားခရတယ်ဗျာ။ ရတဲ့လုပ်အားခလေးထဲက ကျောင်းလခသွင်း ကိုယ်နေထိုင်စရိတ်လေး ရှာရတယ်ပေါ့။ ကျောင်းသားဆိုတော့လည်း အချိန်ပိုင်းပဲ လုပ်ရတာလေ။ လုပ်ခက နာရီနဲ့ တွက်ရတယ်ဗျာ။ တစ်နာရီ အလုပ်လုပ်ရင် ၁၆ ကျပ် ရတယ်ဗျာ။ ကျောင်းပိတ်ရက် အလုပ်လုပ်ပေါ့။
အဲမှာလာပြီ ပိုက်ဆံအိတ်အကြောင်း။ မောင်သောကြာဖြင့် တကယ်ပြောတာပါ. ပိုက်ဆံအိတ် ဆိုတာကို မမေ့အောင် သတိရတိုင်း ယူလာတဲ့အိတ်လေး ထုတ်ထုတ်ကြည့်ရတယ်ဗျ။ ဘာကြောင့်လဲ ... ရှင်းပါမည်။ လုပ်ငန်းခွင်သင်တန်း အလုပ်တွေကနေ အချိန်ပိုင်း ဝင်လုပ်လို့ ရတဲ့လုပ်ခလေးကို တစ်လ တစ်ခါ စာရင်းရှင်းတယ်ဗျ။ စာရင်းရှင်းတယ် ပြောတာနော်။ ငွေရှင်းတယ် ပြောတာမဟုတ်ဘူး။ ဒီလ အလုပ်လုပ်တဲ့ နာရီပေါင်းက ဘယ်လောက် ကျောင်းလခက ဘယ်ရွေ့ စားစရိတ် က ဘယ်မျှ ခရီးစရိတ်က ဘယ်အတိုင်းအတာ ဆိုတာ ရေးထားတဲ့ စာရွက်ပိုင်းလေး ဘဲ သောကြာတစ်ယောက် မြင်ဖူးတယ်။ credit ကဒ်တောင် ဒီမှာ မလိုဘူးဗျ။ နေရတာက မြို့မှာမဟုတ်ဘူးလေ. မောင်သောကြာတို့လို သင်တန်းသားတွေအတွက် အထူးသင့်တော်တဲ့ Moshave လို့ခေါ်တဲ့ သီးသန့် Society လေးမှာနေရတာဗျ.။ super market တွေ စတိုးဆိုင်တွေ စားသောက်ဆိုင်တွေ ရှိပါတယ်။ ဝယ်ချင်တာလည်း အကုန်ဝယ် သုံးချင်သလို သုံးလို့ရတယ်။ မောင်သောကြာ မျက်နှာလေး ပြလိုက် သူတို့ဆီမှာရှိတဲ့ စာရင်းလေးတစ်ခု ထုတ်ပေးလိမ့်မယ် ကိုယ် သုံးတဲ့ ပမာဏ စစ်ပြီး လက်မှတ်ထိုးပေးလိုက်ရုံဘဲ ဆိုတော့ ပိုက်ဆံကိုင်စရာလည်း မလိုသလို ပိုက်ဆံအိတ်လည်း မလိုဘူးပေါ့ဗျာ။
မောင်သောကြာ သူငယ်ချင်းတွေကတော့ တော်ကြတယ်ဗျ။ အသုံးအစွဲ ခြွေတာသလို အလုပ်ချိန်ကို ပိုရအောင် နားချိန်သိပ်မယူကြဘူးဗျ။ သောကြာ စနေ တနင်္ဂနွေလို ကျောင်းမသွားရတဲ့ ရက်တွေဆို မနက် ၄ နာရီခွဲ ကနေ ည ၉ နာရီခွဲ ၁၀ နာရီထိလုပ်ကြတယ်ဗျ။ တစ်နေကုန် နာရီဝက် နှစ်ခါလောက်ဘဲ နားချိန်ယူပြီး ကြိုးစားကြတယ်ဗျ.။ သူတို့လိုဆိုရင်တော့ ငွေပို ငွေလျှံလေး စုမိဆောင်းမိကြတာပေါ့ဗျ. ဒါကလည်း စာရင်းထဲမှာ စုမိတာနော်။တစ်ချို့ကြတော့လည်း အိမ်ပြန်ပို့နိုင်ကြတယ်ပေါ့။ သောကြာတစ်ကောင်က တော့ လစဉ် ရှင်းတမ်းထုတ်ရင် အနှုတ် ပြစမြဲပဲဗျ။ အိမ်ကနေ လှမ်းမမှာရအောင် အတော်ကိုကြိုးစားရတယ်ဗျာ။ သောကြာ ကြိုးစားရှာပါတယ် အလုပ်ချိန်ကျ သတ်မှတ်ထားတဲ့ အနည်းဆုံး နာရီ ကျော်ရင် မလုပ်တော့ဘူး။ အသုံးအစွဲကြတော့လည်း လက်ကဖွာ။ လက်ဖွာတာတော့ မပြောနဲ့ နည်းနည်းလောက် ပမာပြရရင် သောကြာတို့ဆီကနေ အနီးဆုံးမြို့ ကို သွားရင် ဘတ်စကားခ US$ ၁၂ ကျပ်လောက်ကုန်မယ်။ လေးနာရီခွဲ ငါးနာရီသာသာ စီးရတဲ့ ခရီးပါ။ အသွားတုန်းက စခန်းကနေ အဝေးပြေး လမ်းပေါ်မှာရှိတဲ့ ဘတ်စတော့ဆီ ကားလိုက် ပို့တယ်။ ပြန်ချင်တဲ့အချိန်ပြန်တာဆိုတော့ အပြန် ကားအကြိုမရှိဘူး။ အဝေးပြေးလမ်းမကြီးကနေ စခန်းကို ၄၅ မိနစ်လောက် လမ်းလျှောက်ရတယ်။ သကောင်သား မောင်သောကြာ အကျင့်မကောင်းတာက အပြန်လမ်းလျောက်ရမှာစိုးလို့ အပြန်ကျရင် ဘတ်စ် မစီးတော့ဘူး တက်စီ ငှားပြန်တယ် ၁၁၆ ကျပ်လောက် ကုန်တယ် ဟီးဟီး ။ အကြမ်းဖြင်း အသုံးစရိတ်... ပြောရရင်...... နေစရိတ်က ဒီက စီစဉ်ပေးလို့ အသုံးစာရင်းထဲမပါ။ ဟိုနားသည်နားနဲ့ ကျောင်းသွားတာ ကားအကြိုအပို့လုပ်ပေးလို့ မကုန်ဘူး။ အဝတ်အစား နဲ့ ဖိနပ်က အစ ထုတ်ပေးတော့ တစ်ကိုယ်ရေ အသုံးအဆောင်ဝယ်ရတဲ့စရိတ်မရှိ။ ကုန်တာက ကျောင်းလခက တစ်လ တစ်ထောင်ဗျာ။ စားစရိတ် သောက်စရိတ်က ရှစ်ရာ ကျော်ကျော် ပုံမှန်။ လေ့လာရေးခရီးစရိတ်က တစ်လ လေးရာ ဝန်းကျင်။ ဖုန်း က နှစ်ရာ နဲ့ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ ဒါ အပိုသုံးတဲ့ စရိတ်မပါသေးဘူး။ လက်ရှိ မနက်ဖြန် သဘက်ခါဆိုသလို ပြန်ရတော့မယ် စာရင်းထဲ ဒေါ်လာခြောက်ရာ အပြည့် မရှိသေးဖူး။ ဟီး ထားလိုက်ပါတော့ ဆက်ပြောရင် ကိုယ်အသုံးမကျတာတွေ ပါကုန်တော့မယ်။
လိုရင်းဆိုရရင်တော့ ပိုက်ဆံအိတ် တဂ်စ် ပို့စ် ရေးတာပါဘဲ။ ပိုက်ဆံအိတ် က မကိုင်ရတာ နှစ်ကြာပြီဆိုတော့ ဘယ်လိုဆက်ရေးရပါ့...။ ပိုက်ဆံအိတ်က တကယ်ကို မကိုင်ရတာဗျာ။ အပြင်ထွက်ရင် ဘောင်းဘီအိတ်ထဲ ဖုန်းထည့် လိုက်ရင် ယူစရာ ကုန်ပြီ။ ငွေ ကိုင်စရာ မလို အကြွေးဝယ်ကဒ် ဆောင်စရာမလို။ ကုန်ကုန်ပြောရရင် ပါစ်စပိုစ့် (Passport) တောင် လက်ထဲကိုင်ထားစရာမလိုဘူး။ ရောက်လာကတည်းက သူတို့တံဆိပ်ပါတဲ့ ၂လက်မ သာသာ ကဒ်လေးတစ်ကဒ်နဲ့ လဲပေးထားတာ။ ဒါလည်း ကိုင်စရာ မလိုပါဘူး ဒီလူဒီရုပ် မြင်ရင် ဘာကောင်ဆိုတာ သိနေကြတာကိုး။ ပြောရရင် မောင်သောကြာ တစ်ယောက် ပိုက်ဆံအိတ် ပျောက်နေတာ ကြာလှပါကော လို့...။ ကျေနပ်ပါနော် ဒီလောက်နဲ့။ ရေးစရာ များများစားစား မရှိဘဲ ဆက်ရေးရင် မဆိုင်တာတွေ ပါကုန်မှာ။ ပြီးတော့စာအကြွေးတစ်ခု ကျေအောင် အမြန်ဆပ်လိုက်တဲ့ သဘောပါ.။ ရွှေမြူး နောက်ထပ် ဆက်တဂ်စ်ထားတဲ့ အဖြစ်ချင်ဆုံးဆန္ဒ ကျရင် များများရေးပေးပါမယ်။ အခုတော့ ဒီလောက်ပဲနော..။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

10 comments:

မြူး said...

ကိုကြီးးးးးးးးးးးးးးးးးးးး
ရွှေမြူးပထမနော်
ကျေးဇူးနော်ကိုကြီး
အဆင်ပြေပါစေရှင်

တ့တာ ခင်တဲ့
ရွှေမြူး

ဝက်ဝံလေး said...

အားနာတယ် ကိုကြယ်ကြီးရေ အဖြစ်ချင်ဆုံးဆန္ဒ ရေးတဲ့အထဲမှာ အကိုမပါဘူး အကိုမရေးနိုင်ဘူးထင်လို့ မထည့်တာ အခုအကို ကရေးလိုက်ပြီဆိုတော့လဲ အဟက် ရှက်ရှက်နဲ့ပဲ ဖတ်သွားပါတယ်နော် လျှပ်ပြာမလေးကို ခွင့်လွှတ်ပါ အဟီးးးး

ကြယ်သောကြာ said...

ဟုတ်ကဲ တကယ်လည်း ကျွန်တော် မအားပါဘူးခင်ဗျ။ ငှက်ကလေး ထင်တာ မှန်ပါတယ်။ ဒီစာကြွေးကလည်း တော်တော်ကိုကြာနေပြီလေ။ နောက် အဖြစ်ချင်ဆုံးဆန္ဒ ကတော့ တဂ်စ်ထားတဲ့သူကိုယ်တိုင်က အားမှ ရေးပေးပါဆိုတော့ ပစ်ထားလို့ရသေးတယ် :D
ခုဟာက မဖြစ်မနေ ဆပ်ရမယ့်ဟာမို့ ရအောင်ရေးတင်လိုက်တာပါ။
ငှက်ကလေး စာနာနားလည်ပေးတာ ကျေးဇူးတကယ် တင်ပါတယ်။

kyalkalay said...

ချစ်ကိုကြီး လာဖတ်သွားတယ်
ကျနော် လဲ အကြွေးပိနေပိ
ဒေဝါလီခံရင်ကောင်းမလားလို့

မြစ်ကျိုးအင်း said...

တဂ်ပို့စ်တပုဒ်ပေမယ့် ဖတ်စရာမှတ်စရာတွေ ပါအောင် ရေးထားလို့ တကယ်ဖတ်လို့ကောင်းပါတယ်ဗျာ...
အဝေးမှာဆိုတော့လည်း အဆင်ပြေစေချင်ပါတယ်

မျက်မှန်လေး said...

စာလာဖတ်သွားတယ်ဗျို့

မိုးခါး said...

ဒါဆို ပိုက်ဆံအိတ်က မသုံးရပဲ ပိုနေတာပေါ့
:D

မယ့်ကိုး said...

မအားတဲ့ကြားက စာတွေ ရေးနိုင်တာ ဝမ်းသာပါတယ်။ မြန်မာပြည်ပြန်ရောက်လည်း ဆက်ရေးမယ့် စာတွေကို အားပေးစောင့်မျှော်နေမှာပါ။

Anonymous said...

လက်ရာတွေ အားလုံးမှတ်တမ်းတင်ထားတယ်။ ပူနဲ့။

ဂျပန်ကောင်လေး said...

:).. ဟိ.. ပိုက်ဆံအိတ်ဆိုတာကတော့...း)