2009-06-22

ဆုတောင်းပြည့်သော လေထဲက လိမ္မော်ပင်

မောင်သောကြာတစ်ယောက် သကြားနည်းနည်း ကျိုပါရစေ။ စာမရေးဘဲ ပုံနည်းနည်း တင်မယ်နော်။
ဒီတပတ် စနေ တနင်္ဂနွေမှာ သောကြာကို တဲလ်အဗစ် မြို့တော်မှာရှိတဲ့ အစ်ကိုတော် နောင်တော်တွေက ပြန်ခါနီး ညစာစားပွဲနှင့် နှုတ်ဆက်ပွဲလေး လုပ်ပေးမယ်ဆိုလာသောကြောင့် အားနာပါနာနဲ့ သွားရောက် သောင်းကျန်းခဲ့ပါတယ်။ သိတယ်မို့လား ဒီပွဲမျိုးက လက်လွတ်ခံလို့မရဘူးလေ နော်။ ပြီးတော့ သူရို့က ၆ ကျပ် စားတွေဆိုတော့ ပိုတောင် ညှင်းပန်းပေးရဦးမှာမို့လား။ ( သိတယ်နော် ၆ ကျပ်စား မသိရင်လည်း ပြီးရင်ပြောပြမယ် :P )။
စနေနေ့ နေ့ခင်း ၂နာရီလောက်က အိမ်ကထွက်တာ ညနေ ၇ နာရီလောက် ရောက်သွားပါတယ်။ နှုတ်ဆက်ပွဲလေးကို ဂျတ်ဖာ ရှေးမြို့ဟောင်းက ပြင်သစ်စတိုင် စားသောက်ဆိုင် တစ်ခုမှာ လုပ်ပေးပါတယ်။ ဂျက်ဖာက နပိုလီယန် ပထမဆုံးသိမ်းပိုက်ခဲ့သော အရှေ့အလယ်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ ညစာစားပွဲက အဓိကပြောချင်တာမဟုတ်လို့ အဲဒီပုံတွေ မတင်တော့ပါဘူး။ ပြောချင်တာက ညစာစားပြီးနောက်မှပါ။
ညစာစာပြီးသည့်နောက် အစာကြေ အညောင်းပြေ အရှိန်ပေါ့အောင် မြို့ဟောင်းထဲ လမ်းလျှောက်ကြပါတယ်။ အဲမှာ လမ်းလျှောက်ရင်း လမ်းချိုးလေး တစ်ခုအရောက် ဟောသည်အပင်ကို ရုတ်တရက်တွေ့လိုက်ပါတယ်။ ကြည့်ပါဦး


လေထဲက လိမ္မော်ပင်ပါ။ နပိုလီယန် ခေတ်တုန်းက စိုက်ခဲ့တာလို့ ဆိုပါတယ်။ မြေမထိ ရေမထိ လေထဲ တွဲလောင်းဆွဲထားတဲ့ အပင်ပါ။ အခုထိ လိမ္မော်သီး များ သီးနေတုန်းပါ။



လမ်းမြောင်လေးက ကျဉ်း၊ ကင်မရာက Zoom မကောင်း ဆိုတော့ တစ်ပင်လုံး ပါအောင် မရိုက်နိုင်လို့ ၂ပုံခွဲရိုက်လိုက်ပါတယ်။ PhotoShop နဲ့ ပေါင်းဖို့ အကြံရပေမယ့် မူရင်းတင်လိုက်တာ ပိုကောင်းမယ် ထင်လို့ပါ။ အပင်ရှင်အောင် ခုတော့ Drip Irrigation နဲ့ အစာ ရေစာ ကျွေးပါတယ်။
နောက် လျောက်ရင်း လျောက်ရင်း ကလီယိုပက်ထရာ ရဲ့ ရေချိုးခန်း နှင့် နန်းတော်ရာ နေရာတွေကိုလည်း တွေ့ခဲ့ပါသေးတယ်။ ကလီယိုပက်ထရာ အသားအရေ လှတာ သူမရဲ့ ထူးခြားတဲ့ ရေချိုးနည်းစနစ်ကြောင့် ဆိုဘဲ။ နည်းစနစ် သိလိုသူ မမ ညီမများအတွက် မေးမြန်း မှတ်သားလာခဲ့ပါတယ်။ သိချင်ရင် အမြန် ဆက်သွယ်ထားပါနော် ဟားဟ :D
သည်နောက် ဟောသည်က တံတားကို ရောက်လာပါတယ်။



Wishing Bridge ဆုတောင်းပြည့် တံတား လို့ ခေါ်ပါတယ်။ နပိုလီယန် က ဥရောပ ကို မသိမ်းမီ အရှေ့အလယ်ပိုင်းက ဒီ ဂျက်ဖာဆိပ်ကမ်းမြို့ကို အရင်သိမ်းတာပါ။


တံတား အဝင်မှာ ရာသီခွင် အလိုက် စီရင်ထားတဲ့ အောင်မြေနေရာ ရှိပါတယ်။ ပထမဦးဆုံး အောင်မြေ နင်းရအောင်ပါ။ ပြီးမှ တံတားပေါ် တက်ကြတာပေါ့။


ဒါ နပိုလီယန်ရဲ့ Whishing Bridge ပါ။ ဒီတံတားပေါ်ကနေ ကြည့် ရင် ပြင်သစ်ပြည်ကြီးနှင့် ဥရောပ တစ်တိုက်လုံးနီးပါကို မြေထဲပင်လယ်ဖြတ်ပြီး မြင်နိုင်ပါတယ်။ သောကြာ ရောက်တာ ညကြီးဆိုတော့ တဲလ်အဗစ်မြို့တော် နဲ့ မြေထဲပင်လယ် ညရှုခင်းဘဲ ဒီလို မြင်ရပါတယ်။


နပိုလီယန်ကတော့ သူ ဂျက်ဖာမြို့မှာ နေထိုင်တဲ့ ကာလပတ်လုံး မနက်ခင်းတိုင်း ဒီတံတားပေါ်ကနေ ပြင်သစ်ပြည်ကြီး နှင့် ဥရောပ တိုက်ရှိရာ လှမ်းကြည့်ပြီး ဥရောပ တိုက် တစ်တိုက်လုံးကို သိမ်းပိုက်စိုးမိုးနိုင်သော ကိုယ် ဖြစ်ရမယ် လို့ ဆန္ဒပြု ဆုတောင်းလေ ရှိပါတယ်။ သာမန်ရိုးရိုး ဆုတောင်းရတာ မဟုတ်ပါဘူး။ တံတားလက်ရမ်းပေါ်မှာ ရှိတဲ့ သူ့ ရာသီခွင်ဖွား အရုပ်ကို ကိုင်တွယ်ပြီး ဆုတောင်းကြရတာပါ။ နပိုလီယန်လည်း သောကြာတို့ဆီလိုဘဲ ဗေဒင်ကိန်းခမ်း ယတြာ ယုံကြည်တယ်လို့ သိရပါတယ် :P ။ သောကြာ ကတော့ LEO မိုလို့ အောက်က အရုပ်ကလေးရှိတဲ့ နေရာမှာရပ်၊ အဲသည့်အရုပ်လေး လက်နှင့်အုပ်ကိုင်လို့ ၊ မမြင်ရတဲ့ အရပ်တစ်ခုဆီ မှန်းမျှော်လို့ ဆုတစ်ခုတောင်းမိပါတယ်။ ဘာ ဆုတောင်းမိလဲ သိချင်လား။ ပြောပြပါမယ် အဖြစ်ချင်ဆုံးဆန္ဒ တဂ်စ်ပိုစ့် စာကြွေးဆပ်တဲ့အခါကြရင်။



လျောက်ကြည့်မယ်ဆိုရင်တော့ နေရာအများကြီးကျန်ပါသေးတယ်။ အရှိန်ကလည်းကောင်း အချိန်ကလည်း နှောင်းနေတော့ အဲဒီည သည်လောက်နဲ့ဘဲ အိမ်ပြန်လာပါတယ်။ နောက်ရက်ကျတော့ အရှိန်ပြေအောင် ပင်လယ်ကမ်းစပ်သွား တစ်မနက်စာလုံး ရေစိမ် လှိုင်းစီးပါတယ်။
တယ်ရင်းဘော်ဘော်တွေအတွက် ကြည့်စရာ နည်းနည်းထပ်တင်လိုက်ပါတယ်။ :D


ဘရာသားတို့ရေ အများကြီးတော့ တင်တော့ဘူးနော်



ညက အိမ်ပြန်ရောက်ပါတယ်။ ခုမှအိပ်ယာနိုးလို့ တင်လိုက်တာပါ။ ဆားချက်တာ မဟုတ်ပါဘူး သကြားကျိုတာပါ.:P
တော်ပြီနော ။ နောက် များမှ စာသေသေချာချာရေး ပြီး တင်ပါမယ်။
ချစ်ခြင်းဖြင့်
ကြယ်သောကြာ

12 comments:

Mogok Thar said...

ညီလေးကြယ်..
တောင်းဆုတိုင်း ပြည့်ပါစေဗျာ။

ပျော်၇ွှင်ချမ်းမြေ့ပါစေ။
ခင်မင်လျက်

နိုင်းနိုင်းစနေ said...

ထူးဆန်းပါပေတယ် လိမ်မော်ပင်ရယ်

ဒါနဲ့ ဟိုဆိုင်းဘုတ်က ဘယ်နိုင်ငံက စာတွေလဲ
ခုမှမြင်ဖူးတယ်း)

မယ့်ကိုး said...

ထူးဆန်းတဲ့ လိမ္မော်ပင်ကျ zoom မရလို့ တဲ့ ...အစ်ကိုတွေအတွက် တင်ထားတဲ့ ပုံလေးတွေကျ :P

ဗဟုသုတ ရလို့  အကျယ်ချဲ့ ရေးရင် ပိုကောင်းမှာပါ။

Ree Noe Mann said...

လာရောက်ခံစားသွားပါတယ်ဗျာ။
ဗဟုသုတ ရတာပေါ့ဗျာ။
ကိုယ်မရောက်ဖူးပင်မဲ့ ခုလို့ ဝေးမျှတာကိုကျေးဇူးတင်ပါတယ်နော်

ရီနို

သုဒြေ္န said...

ညီလေးကြယ်မဂ`်လာပါနော........ လိမ်မော်ပင်ကဆန်းပေမဲ့ ........ အကိုတွေအတွက်တင်ထားတဲ့ ပုံလေးတွေက........ သိပ်မဆန်းပါလားကွာ.....နဲနေလို့ .........ကိုတို့ ဆီမှာ...ပိုလို့ ဆန်းတယ် ......စာဖတ်သူညီအကိုများ..............စိတ်ဝင်စားရင်......စာရင်းပေးထားပါ......ကိုတို့ ဆီက...ဘယ်မှာလဲသိလား.......တာဝတိံသာပေါ့ ...ညီလေးကိုခင်တဲ့....့ အကို ........သုဒြေ္န

မြစ်ကျိုးအင်း said...

ဗဟုသုတတော့ရတယ် စာကကမန်းကတန်းရေးလိုက်ရ ပုံပဲ ဒီံထက်ပိုပြီး ပြည့်စုံရင်ပိုကောင်းမယ်လို့ ထင်မိတယ်
ဓါတ်ပုံတွေ ထဲကတော့ ၂ ပုံကို အကြိုက်ဆုံးပဲ
လေထဲက လိမ္မော်ပင်ရယ်...နောက်တပုံရယ်ပေါ့...
နောက်တပုံကတော့ ဘာပုံလဲ မပြောတော့ဘူးနော်
အဲဒါဘယ်မြို့လဲ သိရရင်ကောင်းမှာပဲ...။

ကြယ်သောကြာ said...

ဟုတ်ကဲ့ စာက ဟီးဘရူးစာပါ ဂျူးတွေ ရေးတာလေ။ အစ္စရေးနိုင်ငံ ရဲ့ မြို့တော် Tel Avaiv မြို့ ရဲ့ ရှေးမြို့ဟောင်းမှာပါ အစ်မစနေခင်ဗျား။
ကင်မရာက auto ဆိုတော့ zoom ကောင်းချင်တဲ့ နေရာကျ ကောင်းတယ် မယ်ကိုးရ :D
brother ကျိုး ရေ သူလေးတွေက တဲလ်အလ်ဗီ-ရာဖို ရွာသူလေးတွေပါ :P
စာကတော့ နိုးနိုးချင်း လက်တန်းလိုလို ဖြစ်သွားတော့ မပြည့်စုံတာ အမှန်ဘဲဗျ။ ခွင့်လွတ်ပါဗျာ။
မန့်သွားပေးသူများရော လာဖတ်သွားသူများပါ အားလုံးကျေးဇူးပါနော်

ကိုလူထွေး said...

တခါမှ မမြင်ဖူးဘူး ဂေါ်ဇီလာဥကြီးကနေ လိမ္မော်ပင်ပေါက်တယ်ဆိုတာ....

ဟင်းးးးးးး

ဂရင်းပိစ်ကတော့ ဘာပြောသွားပြီးပြီလဲ မသိဘူး......

ရွှေမြူး said...

ကိုကြီးးးးးးးးးးးးးးးးး
စိတ်ဝင်တစားဖတ်သွားတယ်
နောက်မှသေခြာမေးမယ်ရှင်းပြနော်
ဝေမျှပေးတာကျေးဇူးနော်


ချစ်ခင်တဲ့
ရွှေမြူး

မင်းနေဝေး said...

သီးလာတဲ့ လိမ္မော်သီးကျတော့ စားပစ်ရောပဲလား ....
အဟီး ... အဲ့တာသိချင်လာလို့ ... သူလည်းပဲ
ရာဇ၀င်ထဲကပဲလေ :P ရာဇ၀င်သီးစားရရင်
ရာဇ၀င်ထဲရောက်ရမလားပဲ ဟီးဟီး ....

ဇော် said...

ကျနော်လဲ ကိုကျိုးနဲ့ တူတူပဲဗျ။ လိမော်ပင်ရယ်၊ နောက်တစ်ပုံက ငှဲငှဲ။ ပြောဝူး။ သတ်ချင်သတ်။ အဟိ။

ကိုသောက်
ပြန်ကာနီး လာပြောဦးဗျ။ တစ်ခွက်လောက် မော့လိုက်ရအောင်ကို။ ဟဲဟဲ။ =P

Anonymous said...

လိမ္မော်ပင်ကို အထူးတဆန်းလာကြည့်မိတယ်။
ဗဟုသုတရစေတဲ့အတွက် ကျေးဇူးပါ။